"ဟေး...ရှောင်ရှောင်း..."
အကြီးအကဲရဲ့ဩရှရှအသံက ရယ်မြူးရိပ်သမ်းနေသလိုလို။စောင်ပုံထဲက ရှောင်း
ကျန့်ကတော့ ခန္ဓာကိုယ်လေးကို ပိုပိုပြီးကျုံ့ကွေးပစ်လိုက်တော့တာပါပဲ။သိပ်သိပ်ရှက်တာမို့။ဒီအတောအတွင်း တတိတိတိုးလာတဲ့
သံယောဇဉ္ကြောင့် ရှောင်းကျန့်တစ်ယောက် ဦးနှောက်ခြောက်နေရပါတယ်။ အကြီးအကဲလို့ခေါ်ရတာ သူစိမ်းဆန်တယ်လို့တောင် ထင်လာမိတဲ့အခါ ခေါ်ချင်မိတဲ့ သီးသန့်နာမ်စားကလေးက "ကိုကို" ဖြစ်ပါသတဲ့။ဒါပေမဲ့ အရှက်သည်းတဲ့ရှောင်းကျန့်က "ဝမ်" ဆိုတဲ့ နာမ်စားကိုသာ ရွေးချယ်ဖြစ်ခဲ့တယ်။ အခုတော့ ပုန်းဝှက်ဖို့ကြိုးစားခဲ့တဲ့ နာမ်စားကလေးကို အကြီးအကဲ ကိုယ်တိုင် ဖော်ကောင်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။
"ထပါအုံး...ဘယ်လိုဖြစ်လို့ ပုစွန်ကွေးလေးလုပ်နေ..."
သားမွေးစောင်တွေကို မရမက ဆွဲယူပြီး ရှောင်းကျန့်မျက်နှာကို ဖတ်ဖို့ကြိုးစားနေပါတဲ့ အကြီးအကဲရယ်ပါ။
"ဟင့်အင်း..."
အကြီးအကဲရဲ့ လက်ချောင်းသွယ်သွယ်တွေရဲ့လှုပ်ရှားမှုက အားအင်အပြည့်နဲ့မို့
စောင်တွေအကုန်ဖယ်ခွါသွားရပြီပဲဖြစ်တယ်။ရှောင်းကျန့်လည်း လက်ဗလာ
ချည်းကျန်တော့တာမို့ လက်ဖဝါးလေး
နှစ်ဖက်ကိုထောင်ကာပြီး မျက်နှာပေါ် အုပ်ကွယ်ထားလိုက်ရတော့တာပါပဲ။"ရှောင်ရှောင်း...ဘာလို့မျက်နှာကိုကွယ်ထားရတာတုန်း...ကိုကို့ကို ငြိုငြင်တာလား...ဟင်..."
ဟင်...။ အခု အကြီးအကဲက သူ့ကိုယ်သူ ကိုကိုလို့ သုံးနှုန်းလိုက်တာလား။ ရှောင်းကျန့်ဘက်ကပဲ ခေါ်ပြောရမယ်ထင်ထားတဲ့
ဟာကို။ ရှောင်းကျန့် မျက်တောင်ရှည်တွေ တဖျတ်ဖျတ်ခတ်ရင်း စဉ္းစားနေတုန်းမှာပဲ အကြီးအကဲက ရှောင်းကျန့်လက်ဖဝါးငယ်တွေကို ဆွဲကိုင်ဖယ်ရှားပစ်လိုက်ပြီပဲဖြစ်ပါတယ်။"ရှောင်ရှောင်းက ကိုကိုလို့ ခေါ်ချင်တယ်ဟုတ်...နားထောင်ချင်လှပြီမို့ ခေါ်စေဗျား..."
အကြီးအကဲက အိပ်ရာထဲ ပက်လက်အေနအထားဖြစ်နေတဲ့ ရှောင်းကျန့်ကိုငုံ့မိုးကြည့်ရင်း လက်ဖဝါးနှစ်ဖက်ကိုပါ ဆုပ်ကိုင်ဖျစ်ညှစ်လို့ ပြုံးပြုံးကြီးပြောလာတယ်။
YOU ARE READING
Tales Of The Himalayas (Completed)
Fiksi Penggemar"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."