နွေဦးရဲ့ညနေခင်းမှာ လေပြည်အေးက ဆော်သွေးသွမ်းလို့နေတယ်။ မှောင်စပျိုး
ပြီမို့ အကြီးအကဲအိမ်တော်ဆီမှာ ဆီမီးပွင့်တို့ တဖြည်းဖြည်း လင်းလက်လို့လာနေပါတယ်။ရိပေါ် ဆီမီးခွက်တွေကို လိုက်လံထွန်း
ညှိရင်း သတိထားမိတာက ထင်းရှူးဆီလက်ကျန်ကိုသာတွေ့ရပြီး ကတိုးဆီ
အနံ့က လုံးဝကိုပျောက်ကွယ်နေတာပဲ။ မဟုတ်မှ ဒီအတောအတွင်း ကတိုးဆီထည့်မထွန်းကြဘူးလား။ရိပေါ်လည်း ကတိုးဆီထည့်ထားတဲ့ အိုးကလေးကိုယူလို့ ငွေထည်ဆီမီးခွက်တွေထဲ လိုက်လံ သွန်းလောင်းငှဲ့လိုက်တယ်။အခုဆိုရင် ဝါထိန်ထိန်မီးတောက်တွေဟာ မွှေးအီထုံသင်းတဲ့ရနံ့ကိုပါ ဆောင်ကြဉ္းလာခဲ့ပြီပဲဖြစ်ပါတယ်။
ရှောင်ရှောင်းကို လှည့်ကြည့်တော့ ပြတင်းတံခါးတွေ လိုက်ပိတ်နေလေရဲ့။ဒီကလေးက သိပ်ကိုအလိုက်သိတတ်လွန်းနေပြီပဲ။ ရိပေါ် နှုတ်ခမ်းလေးတွန့်ကွေးရုံပြုံးလိုက်ပြီး ကျန်တဲ့ပြတင်းတံခါးတွေကိုပါ ကူညီပိတ်ပေးလိုက်ပါတော့တယ်။အကြီးအကဲအိမ်တော်ဟာ လေနုအေးတို့ ဝင်ရောက်
ထိခတ်ဖို့မစွမ်းသာတော့ဘဲ အခုဆို ဆီမီးရှိန်နဲ့ လင်းဖြာနွေးမြနေတော့တာရယ်။"ကိုကို..ညနေစာစားရအောင်"
ရိပေါ်ရှေ့အရောက် အပြေးကလေး
လာပြောတဲ့ ရှောင်ရှောင်းပါပဲ။အတူတူပြန်လည်ဆုံစည်းရတဲ့နေ့မို့ ရိပေါ်တင်မဟုတ်ဘဲ ရှောင်ရှောင်းပါ အပျော်ကြီးပျော်နေမှန်းသိသာလွန်းပါရဲ့။ရိပေါ် လည်း ရှောင်ရှောင်း ခေါင်းလုံးလုံးလေးကို ဖွဖွပုတ်လိုက်ရင်း ပြုံးပြုံးကြီးပြောလိုက်တယ်။"ကောင်းပြီ..."
နောက်တော့ ရှောင်ရှောင်းရဲ့ဦးဆောင်မှုနဲ့ စားပွဲဝိုင်းဆီရောက်ရှိပါတယ်။ ဝမ့်ချက်ခ်
နဲ့မာချော့ အသင့်ပြင်ပေးပြီးသား ဟင်းပွဲတွေက အငွေ့ထောင်းထောင်းတို့ လူးလွင့်နေကြဆဲ။ရှောင်ရှောင်းက ကုလားထိုင်ကိုဆွဲယူလို့ကုလားထိုင်နောက္မီှကို လက်ကလေးနဲ့အသာပုတ်ပြပြီး ရိပေါ်ကို ထိုင်ဖို့အချက်
ပြတယ်။ ရိပေါ် ထိုင်ချလိုက်တာနဲ့ ထမင်းပန်းကန်ထဲ အသားဟင်းတွေကို ခပ်ထည့်ပေးလာပါတော့တယ်။
YOU ARE READING
Tales Of The Himalayas (Completed)
Fanfiction"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."