(2)Unicode

6.8K 681 9
                                    


မင်္ဂလာပွဲက မနက်ဖြန်ဆိုပေမဲ့ ရှောင်းကျန့် အခုထိ တိဗက်အကြီးအကဲနဲ့ မဆုံရသေး။ အစောပိုင်းကတော့ လူကြီးတွေနဲ့အတူ
တူ စကားပြောနေတာတော့ တွေ့ခဲ့ပါရဲ့။ နောက်ကျောကိုသာမြင်ရတာမို့ တိဗက်ဝတ်စုံဝတ်အမျိုးသားတစ်ယောက်အပြင် မပိုဘူးရယ်။

ချင်းဟိုင်ကို တိဗက်လူမျိုးကုန်သည်တွေလာလေ့ရှိကြတာမို့ မျက္ပေါက်ကျဉ္းကျဉ္း၊ ပါးအို့ရဲရဲ နဲ့ ကြေးနီရောင်အသားအရေပိုင်ရှင်တွေကို ပြေးမြင်မိတော့ ရှောင်းကျန့်ခန္ဓာကိုယ်လေးက တွန့်ခနဲ။ ရှောင်းကျန့် လက်ထပ်ရမယ့် သတို့သားလောင်းကလည်း ဒီလိုပုံစံမျိုးပဲ ဖြစ်နေမှဖြင့်။

"ဟူးးး"

တွေးကြည့်ရုံနဲ့တင် နဂိုမကြည်ချင်တဲ့စိတ်က ခပ်သေးသေးလေး ထပ်ညစ်သွားရတာမို့ အိမ်တော်ဝန်းထဲက ထိုင်နေကျ ကျောက်စားပွဲဆီသာ လာထိုင်နေလိုက်တော့တယ်။ နှုတ်ခမ်းကိုစူထော်ထားပြီး ပွစိပွစိ ရေရွတ်နေတဲ့ရှောင်းကျန့်က လက်ထဲက
ခေါက်ယပ်တောင်ကိုလည်း ကျောက်စားပွဲဆီ ခပ်ဆတ်ဆတ်လွှဲခေါက်နေပါတယ်။ ပိတ်ထားတဲ့ခေါက်ယပ်တောင်ရဲ့ အဖျားအနားလေးတွေကတော့ ပွန်းပဲ့လို့နေပြီရယ်။

ချွတ်..!

ရှောင်းကျန့် စားပွဲပေါ်က ခေါက်ယပ်တောင်ဆီ အာရုံရောက်နေတုန်း သစ်ကိုင်းခြောက်ခပ်သေးသေးကို နင်းမိသံကြားလိုက်ရပါတယ်။ဒါကြောင့်မို့ ဖျတ်ခနဲ လှည့်ကြည့်တဲ့အခါ ထိုင်နေတဲ့ရှောင်းကျန့်ကို စီးမိုးစိုက်ကြည့်နေတဲ့လူကြောင့် လန့်ဖျပ်သွားရတဲ့အထိပါပဲ။

"ထျန်းန! "

ရှောင်းကျန့်မြင်ဖူးသမျှ တိဗက်လူမျိုးတွေထဲ ဒီလူကတော့ ဘယ်သူနဲ့မှ မတူဘဲ ထင်းထွက်နေတာမျိုးမို့ ရှောင်းကျန့်ခမျာ ပါးစပ်အဟောင်းသားဖြစ်နေရပြီပဲဖြစ်ပါတယ်။

သားမွေးဦးထုပ်အောက်က ဗာဒံစေ့ပုံ မျက်ဝန်းသွယ်တွေဟာ စူးရဲထက်ရှလို့နေတယ်။တိဗက်လူမျိုးတွေရဲ့ အမှတ်အသားလို့ပြောရလောက်တဲ့ ပါးအို့ရဲစွေးစွေးတွေက ဒီလူနဲ့မှ သိသိသာသာ လိုက်ဖက်နေတာမျိုး။ ဖွေးဆွတ်တဲ့အသားအရေဟာ နေလောင်ဒဏ်​နဲ့ ရာသီဥတုဒဏ်ကြောင့် ပျားရည်ရောင် သမ်းချင်နေသယောင်နဲ့ရယ်။တည်ကြည်တဲ့ အမျိုးသားက ရိုးရာပုတီးစေ့တွေဆင်ယင်ထားသေးတာမို့ အရှိန်အဝါ ကြီးမားစူးလက်နေပါတယ်။

Tales Of The Himalayas (Completed)Where stories live. Discover now