(9)Zawgyicode

2.1K 93 1
                                    

ညနေရဲ့လေက တသုန်သုန်ဖြူးနေလိုက်တာများ စိမ့်စိမ့်ကလေးအေးတဲ့အထိ။ ရှောင်းကျန့်ပခုံးလေးကို ပိုပိုပြီးစုကျုံ့လိုက်တဲ့အပြင် ကုလားထိုင်ပေါ် ခြေထောက်နှစ်ဖက်စလုံးတင်လို့  ကွေးကုပ်ကုပ်လေးဖြစ်အောင် ပြောင်းထိုင်လိုက်တယ်။ နွေးလိုနွေးငြားနဲ့ပေါ့။

မကြာသေးခင်ကမှ အစေခံကောင်လေးတွေလာပို့သွားတဲ့ ညနေစာတွေ တစ်ဝလွေးထားတာမို့ ဗိုက်ကလေးက တင်းတင်း
ကားကား။အမဲနှပ်၊အမဲအူစွပ်ပြုတ်၊အသားကင်မျိုးစုံ၊ဒိန်ခဲနဲ့ သိုးသားဟင်း ချိုချိုလေးအပြင် ခေါက်ဆွဲအိအိကလေးနဲ့မို့ ရိက္ခာခြောက်တွေနဲ့ နှစ်ပါးသွားခဲ့ရသမျှ အတိုးချပြီး စားပစ်လိုက်တာကြောင့်ပဲဖြစ်ပါတယ်။

မှောင်စပျိုးနေပြီမို့ အကြီးအကဲက ပြတင်းတံခါးတွေပိတ်ပြီးတဲ့နောက် ငွေနဲ့ပြုလုပ်ထားတဲ့ဆီမီးခွက်တွေကို လိုက်လံထွန်းညှိလို့နေတယ်။ ဆီမီးတွေရဲ့အလင်းရောင်ကြောင့် အိမ်တော်တစ်ခုလုံးက ဝါဖျော့ဖျော့လေးသမ်းလို့ လင်းထိန်သွားပါတော့တယ်။

နောက်ပြီးထူးခြားတာက ဆီမီးထွန်းပြီးချိန်မှာမှ မွှေးရနံ့တို့ သင်းထုံလာတာပဲဖြစ်တယ်။ ရှောင်းကျန့်လည်း နှာခေါင်းလေးတရှုံ့ရှုံ့လုပ်လိုက်ပြီး မွှေးထုံနေတဲ့ရနံ့ကို အပီအပြင်ခံစားရှူရှိုက်ကြည့်လိုက်တယ်။

အကြီးအကဲက တစ်လှမ်းချင်းလျှောက်
လာပြီး ရှောင်းကျန့်နဲ့ ကပ်လျက်ကုလားထိုင်မှာဝင်ထိုင်လိုက်တဲ့အခါ သိချင်စိတ်ပြင်းပြလွန်းနေတဲ့ ရှောင်းကျန့်လည်း အကြီးအကဲဘက် ခေါင်းလေးစောင်းငဲ့လို့ မေးလိုက်ပါတော့တယ်။

"တအားမွှေးလာတယ်နော်...ဘာနံ့လေးလဲဟင်.."

"ကတိုးဆီရဲ့အနံ့လေ...ခါတိုင်း ဆီမီးထွန်းတဲ့အခါ ထင်းရှူးဆီပဲသုံးပေမဲ့..အခုက ရှောင်ရှောင်းအတွက် ကတိုးဆီပါထည့်ထွန်းပေးထားတာ...
ဘယ်လိုလဲ...ကြိုက်ရဲ့လား..."

အကြီးအကဲက ရှောင်းကျန့်ဆံပင်တွေကို
ခပ်ဖွဖွသပ်ပေးရင်းပြန်ဖြေပေးလာတာပဲဖြစ်တယ်။ မေးခွန်းပါပြန်မေးနေသေးတာ
မို့ ရှောင်းကျန့်လည်း ခေါင်းလေးတဆတ်ဆတ်ညိတ်လို့ ပြန်ဖြေပေးလိုက်ပါတော့တယ်။

Tales Of The Himalayas (Completed)Where stories live. Discover now