တရွေ့ရွေ့နဲ့ ခရီးနှင်လာခဲ့ကြတာ အခုဆိုရှောင်းကျန့်တို့ ချိုမိုလန်းမားတောင်တန်းလို့ခေါ်တဲ့ ဧဝရတ်တောင်တန်းပေါ် ခြေချနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ တောင်ထိပ်ကနေ စီးမိုးကြည့်တဲ့အခါ စိမ်းမြညီညာနေတဲ့ တိဗက်ဒေသ ကျီလုံတောင်ကြားလွင်ပြင်ဟာ ခပ်ပျပျ။
ဟိုးအရင်တုန်းက ရှောင်းကျန့်ထင်ထားခဲ့တာက တိဗက်ပြည်ဆိုတာ ဟိမဝန္တာတောင်တန်းတွေရဲ့တစ်နေရာရာမှာဆိုပြီးတော့ပေါ့။ တကယ်တမ်းကျ ဟိမဝန္တာတောင်တန်း နဲ့ ကွန်းလွန်းတောင်တန်းတွေရဲ့ ကြားမှာတည်ရှိနေတာရယ်။ ကုန်းမြင့်ဒေသဖြစ်ပြီး လွင်ပြင်ကျယ်တွေနဲ့အတူ ဘေးဘက္မှာတောင်တန်းအသွယ်သွယ်ကာဆီးထားတာမို့ သိပ်ကိုလုံခြုံအေးမြလှပါတယ်။
ရှောင်းကျန့်အတွက်တော့ မြင်မြင်သမျှဟာ ဆန်းကြယ်ထူးခြားနေတာချည်းပါပဲ။ချင်းဟိုင်မှာ စီးဆင်းနေတဲ့ ယန်စီမြစ်က ဒီတိ
ဗက်ပြည်ကနေ မြစ်ဖျားခံမှန်းသိရတုန်းကဆို ရှောင်းကျန့်မှာ ပါးစပ်အဟောင်းသားဖြစ်ရသေးတာရယ်။နွေရာသီရောက်နေတာတောင်မှ နှင်းတွေဆွတ်ဆွတ်ဖွေးနေတဲ့တောင်တန်းတွေကို ငေးရမောရ၊ အစာရှာထွက်တဲ့ တောကောင်ငယ်လေးတွေကို စောင့်ကြည့်ရနဲ့ စက္ခုအာရုံကို အနားမပေးနိုင်လောက်အောင်ပါပဲ။ဒီရက်အတော်ကြာတဲ့ခရီးစဥ္မှာ နောက်ထပ်ထူးခြားတာတစ်ခုကတော့ ရှောင်းကျန့်နဲ့ အကြီးအကဲရဲ့ဆက်ဆံရေးက အရင်ထက်ပိုနွေးထွေးလာတာပဲဖြစ်ပါတယ်။ အလေးအပေါ့စွန့်ချင်တဲ့အခါ အကြီးအကဲကို တိုးတိုးလေးကပ်ပြောတာမျိုး၊ မြစ်ချောင်းတွေမှာ ရေချိုးတဲ့အခါ အကြီးအကဲစောင့်ကြပ်ပေးမှသာ ရေချိုးရဲတာမျိုးအပြင် လမ်းခရီးမှာ ညအိပ်ရပ်နားတဲ့အခါ အကြီးအကဲနား မသိမသာတိုးကပ်အိပ်ပစ်လိုက်တာမျိုးနဲ့ပေါ့။
ခုနောက်ပိုင်းဆို ကုလားအုတ်ပေါ်မှာပါ အိပ်ငိုက်တတ်လာသေးတာရယ်။ ထိန်းပွေ့ပေးမယ့် ရင်ခွင်ကျယ်ကြီးရှိနေတာမို့ အိပ်ချင်စိတ်ကို ဦးစားပေးပြီး စိတ်ချလက်ချအိပ်ပျော်သွားတတ်ပါသေးရဲ့။ တကယ်တော့ရှောင်းကျန့်က အိပ်ပုတ်ကလေးပဲဖြစ်တယ်။အိပ်ချင်စိတ်သာ ကြီးစိုးလာရင် လူလစ်တာနဲ့ ခိုးမွှေးတတ်တဲ့ အကြီးအကဲရဲ့ နှာသီးဖျားလုံးလုံးလေးကိုတောင် မေ့လျော့သွားတဲ့အထိ။
YOU ARE READING
Tales Of The Himalayas (Completed)
Fiksi Penggemar"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."