(16)Unicode

4.7K 486 5
                                    


အပြင်မှာ နှင်းထုဟာ တဖွဲဖွဲနဲ့သိပ်သိပ်သည်းသည်း။အရင်က စိမ်းစို
ခဲ့တဲ့ တိဗက်အကြီးအကဲရဲ့ အိမ်တော်ဝန်းဟာ အခုဆို အေးအေးမြမြ ဖွေးလွလွ။

ရိပေါ် လူမျိုးစုအကြီးအကဲတချို့ရဲ့ စာလွှာတွေကို စစ်ဆေးကြည့်နေတုန်း ရှောင်ရှောင်းက ရိပေါ်နား လှစ်ခနဲရောက်လာတယ်။ လက်ထဲမှာလည်း ဝါးပလွေလေးကို ကျစ်ကျစ်ဆုပ်ထားသေးရဲ့။ ရိပေါ် စာလွှာတွေကို စားပွဲပေါ်ချလိုက်တာနဲ့ ရိပေါ်ဆီ ပလွေလေးကို လက်ကမ်းပေးလို့ ပြောလာတယ်။

"ဒီပလွေပေါ်ထွင်းထားတာက တိဗက်စာလုံးမလား..ဘာရေးထားတာလဲဟင် "

မျက်ဝန်းတောက်တောက်လေးတွေနဲ့
ကြည့်လာပုံက ရိပေါ် အဖြေကို ငံ့လင့်နေမှန်းသိသာစေတယ်။ကုလားထိုင်မှာဝင်မထိုင်ပါဘဲ ခါးလေးကိုင်းလို့ ဒူးနှစ်ဖက်ပေါ် လက်တင်ပြီး ယို့ယို့ကလေး ရပ်စောင့်နေသေးတာရယ်။

ရိပေါ် ပလွေကို လက်လှမ်းယူလိုက်တော့ တိဗက်ကုန်သည်ဆီကနေ ရှောင်ရှောင်း ဇွတ်အတင်းဝယ်သွားတဲ့ ရိပေါ်ရဲ့ ပလွေကလေးဖြစ်လို့နေတယ်။ရှောင်ရှောင်းက ပလွေမမှုတ်တတ်ပေမဲ့ ခုချိန်ထိ သိမ်းထားသေးတာပဲ။

ရိပေါ် ကိုယ်တိုင်ထွင်းထားတာမို့ ပလွေ
ပေါ်က "ရှီဂါရာ" ဆိုတဲ့စာလုံးကိုမသိစရာအကြောင်းမရှိ။ ဒါပေမဲ့ ချစ်ရသူကလေးကို ကျီစယ်ချင်တာမို့ ရိပေါ် ခပ်တည်
တည်နဲ့ စာလုံးတွေကို ဖတ်ချင်ယောင်ဆောင်ပြီး တိဗက်စကားလုံးတစ်ခုကို အသံနေအသံထားနဲ့ ရေရွတ်လိုက်တယ်။ ရှောင်ရှောင်းက ပါးစပ်ကလေးဟလို့ စိတ်ဝင်တစားငေးမောကြည့်နေတာများ ယုန်သွားဖွေးဖွေးလေးတောင် ပြူထွက်နေတဲ့အထိပါပဲ။

"င,ရန်းလာဂအိ"

"ဟင်...ကြားဖူးသလိုပဲ...အဲ့ဒါ ဘာ
အဓိပ္ပါယ်လဲ..."

ရှောင်ရှောင်းက မျက်လုံးလေး
ထောင့်ကပ်စဉ္းစားရင်းမေးလာတာမို့...

"မင်းကိုချစ်တယ်.."

ရှောင်ရှောင်းမျက်နှာလေးကို တစိမ့်စိမ့်
ကြည့်ရင်း နူးညံ့တိုးဖွစွာပြောလိုက်တဲ့အခါ ရှောင်ရှောင်းက မျက်လုံးကလေးဝိုင်းစက်သွားသလို နားရွက်ဖျားတွေ ရဲတက်သွားလေရဲ့။

Tales Of The Himalayas (Completed)Where stories live. Discover now