မားက တိုးတိုးလေးမှာထားတယ်...။ အကြီးအကဲစကားကို နားထောင်ရမယ်တဲ့။ချစ်ရေးချစ်ရာကိစ္စတွေမှာ ခင်ပွန်းဖြစ်သူကို လိုက်လျောဖို့ ၊ ပြုစုဖို့ ရှောင်းကျန့်မှာ တာဝန်ရှိပါသတဲ့လေ...။
ရှောင်းကျန့်ကတော့ အကြီးအကဲကို အုပ်ထိန်းသူအစ်ကိုကြီးတစ်ယောက်လိုမျိုးပဲ ခင်တွယ်ချင်တာရယ်။ ဒါပေမဲ့ အကြီးအကဲက သိပ်အသားယူတာပဲ။
လူကိုအလစ်အငိုက္မိအောင် သိပ်လုပ်
တာမို့ ရင်ခုန်လွန်ပြီး ရူးသွားရင်တော့ အကြီးအကဲက တရားခံပါပဲ။ချစ်မှုရေးရာဆိုတာမျိုးကလည်းအမျိုးသားနဲ့အမျိုးသမီးချစ်ကြိုက်တာမျိုးပဲ သိထားတာမို့ အကြီးအကဲရဲ့အထိအတွေ့မှာ ရင်ခုန်မိတာမျိုးက ရှောင်းကျန့်အတွက် ထူးခြားဆန်းကြယ်နေတာတော့အမှန်ပါပဲ။
လောလောဆယ်တော့ အကြီးအကဲရဲ့ရင်ခွင်ထဲကနေ တိဗက်စကားလေးကို အလွတ်ကျက္မှတ်နေရပါတယ်။အတွေးတွေပျံ့လွင့်နေလို့မဖြစ်ဘူးရယ်။ ဟိုးရှေ့မှာ စင်မြင့်တစ်ခုနဲ့ တိဗက်လူထုကို မြင်နေရပြီမို့။
အကြီးအကဲက ကုလားအုတ်ကို စင်မြင့်နားထိ ခပ်ဖြည်းဖြည်းမောင်းနှင်သွားတယ်။ နောက်တော့ လွှားခနဲခုန်ဆင်းလိုက်ပြီး ရှောင်းကျန့်ဆင်းနိုင်ဖို့ရာ လက်နှစ်ဖက်ကိုဆန့်ကားပေးလာတယ်။ စင်မြင့်ရှေ့မှာ
လူအုပ်ကြီးရှိနေတာမို့ အစောပိုင်းက အကြီးအကဲနဲ့ ကုလားအုတ်အတူတူစီးလာခဲ့သမျှ အခုလိုသိမ်းပွေ့ဖမ်းမဲ့အမူအရာကြောင့်နဲ့ကျမှ ရှောင်းကျန့်ခမျာရှက်နေရပြီပဲဖြစ်ပါတယ်။ခြေနင်းကွင်းကနေတောင် မဆင်းရဲတာမို့ ခုန်ချဖို့ဆိုတာကလည်း ဘယ်လိုမှမဖြစ်နိုင်ဘူးရယ်။မတော်လို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျမှ ပိုအရှက်ကွဲရချည်သေးရဲ့။ရှောင်းကျန့်တစ်ယောက္ များပြားလှတဲ့ လူအုပ်ဆီ မဝံ့မရဲကြည့်ရင်း ချီတုံချတုံဖြစ်နေတာကို အကြီးအကဲက မြင်ဖြစ်အောင်မြင်သွားတယ္ထင်ရဲ့။ လေသံခပ်အုပ်အုပ်နဲ့ပြောလာတယ်။
"ရှောင်ရှောင်း...တခြားကိုမကြည့်ဘဲ...ကျုပ်ကိုပဲကြည့်...ကျုပ်တစ်ယောက်လုံး ရှိနေတာမို့ ရဲရဲဆင်း..."
YOU ARE READING
Tales Of The Himalayas (Completed)
Fanfiction"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."