"ဟင့်အင်းနော် ဟင့်အင်း"
"ရှောင်ရှောင်းက လိမ္မာပါတယ် ပါးစပ်ဟလိုက်နော်.."
"ဟင့်အင်းလို့ဆို...အွင့်...အွန်းးး"
"ကဲ...သောက်လိုက်တော့လည်းပြီးသွားတာပဲကို...လာ ပျားရည်လေးနည်းနည်းသောက်လိုက်"
"ခါးတယ် ခါးတယ်..."
"ဆေးပဲ ခါးမှာပေါ့...အင့်...ပျားရည်... ဖြည်းဖြည်းချင်းစီ လျှာလေးနဲ့တု့ိပြီးလျှက်.."
ရှောင်းကျန့် တစ်ယောက် အအေးမိပြီးနေမကောင်းဖြစ်နေပါပြီ။ ငါးဖမ်းတာကနည်းနည်း၊ရေဆော့တာက များများမို့ ညနေပိုင်းရောက်တာနဲ့ ကိုယ်ကနွေးစပြုလာတာပဲဖြစ်တယ်။ အခုတော့ ခန်းတောက္မြစ်ဆေးရည်ခါးခါးကြီးတွေ သောက်နေရပါပြီ။ ဖွီးးးးပျားရည်လေးကြောင့်သာ တော်တော့တယ်။ ခုထိလျှာပေါ်မှာ အခါးဓာတ်ကစွဲကျန်နေတုန်းရယ်။
အကြီးအကဲက ရှောင်းကျန့်ကိုမတွေ့လို့ ရှာရဖွေရ၊ ပြန်ရောက်ပြန်တော့လည်း ငါးကင်ပေးရ၊ အခု နေမကောင်းဘူးဆိုတော့လည်း ဆေးရည်ကြိုရ ၊ ဆေးသောက်ကြောက်တဲ့ ရှောင်းကျန့်ကို ချော့မော့ဆေးတိုက်ရနဲ့ ပျာယာခတ်နေရတော့တာရယ်။
အဲ့သလိုမျိုးကျပြန်တော့လည်း ရှောင်းကျန့်စိတ်ထဲ အားနာစိတ်သေးသေးလေးဝင်လာမိပြန်ပါတယ် ။ အကြီးအကဲက ရှောင်းကျန့်အပေါ်သိပ်ကောင်းပြီး သိပ်နွေးထွေးတာပဲ။ ဂရုစိုက်တတ်လွန်းတာမို့ ကျေးဇူးကြွေးေတွ နင့်ပိုးနေအောင် တင်နေတော့မှာရယ်။
"လာ...ကိုယ်ပူစမ်းကြည့်ရအောင်"
အကြီးအကဲကပြောပြောဆိုဆိုနဲ့ပဲ ရှောင်းကျန့်နဖူးပြင်ပေါ် လက်ဖဝါးတစ်ဖက် လာရောက်အုပ်မိုး ပြီးနှင့်ပြီပဲဖြစ်ပါတယ်။
"အင်း အတော်ပူနေတုန်းပဲ...မျက်နှာတွေလည်း ရဲစက်လို့ပဲ ရှောင်ရှောင်းရာ"
အကြီးအကဲက မျက်ခုံးတွေတွန့်ချိုးထားရင်း မချိတင်ကဲသံနဲ့ရေရွတ်လိုက်တာ
မို့ ရှောင်းကျန့်ဝမ်းနည်းသွားရတယ်။အကြီးအကဲက ရှောင်းကျန့်ကြောင့် အလုပ်ရှုပ်နေရသလို စိတ်လည်းရှုပ်နေရ
ပြီရယ်။
YOU ARE READING
Tales Of The Himalayas (Completed)
Fanfiction"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."