နေရောင်ခြည်က ဧဝရတ်တောင်ထိပ်အဖျားအနားလေးကိုပဲ ဖျန်းပက်ထိခတ်နိုင်သေးတယ်။ လာဆာမြို့ကလေးဟာ မနက်ခင်းမြူငွေ့ဖွေးဖွေးတွေကြားကနေ ခုချိန်ထိ နိုးထမလာနိုင်ရှာသေး။ရိပေါ် မျက်လုံးတွေဖြည်းဖြည်းချင်းဖွင့်လိုက်တော့ စောင်လုံးလူသားလေးက ရင်ခွင်ထဲကွေးကွေးလေးခွေနေလေရဲ့။ ရိပေါ်လည်း ဖွဖွလေးပြုံးလိုက်ပြီး နဖူးပြင်ပြေပြေလေးပေါ် အနမ်းတစ်ပွင့်ခြွေချလိုက်တယ်။နှာသီးဖျားလေးတွေပါ ရဲစွေးနေပြီဖြစ်တဲ့ရှောင်ရှောင်းက အိပ်ပျော်နေလိုက်တာများ နမ်းမွှေးနေမှန်းတောင်သိမယ့့်ပုံမပေါ်။
အချိန်က နည်းနည်းစောနေသေးတာမို့ ရိပေါ်လည်း ချစ်ရသူလေးကို ရင်ခွင်ထဲ သိမ်းကျုံးပွေ့ဖက်ပြီး မျက်လုံးတွေ ပြန်လည်မှေးမှိတ်ပစ်လိုက်ပါတော့တယ်။ နွေးမြလို့ထင်ပါရဲ့။ရှောင်ရှောင်းက ပုံ့ပုံ့ကျုံ့ကျုံ့ကလေးနဲ့ အလိုက်သင့် ပါလာသေးတော့တာရယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ရှောင်ရှောင်း...အဆင်ပြေရဲ့လား"
"................"
"ရှောင်ရှောင်း! "
"ဟင့်အင်း..."
ရိပေါ် အခန်းထဲအဝတ်အစားလဲလှယ်နေတဲ့ ရှောင်ရှောင်းကို ပထမတစ်ခါမေးလိုက်တုန်းက တုံ့ပြန်သံမကြားရ။ နောက်တစ်ခေါက်ထပ်ခေါ်တော့မှ လေသံသေးသေးလေးနဲ့ ပြန်ဖြေလာပုံက အဆင်ပြေမနေမှန်းသိသာနေတာမို့ အခန်းထဲခပ်သွက်သွက်ဝင်သွားလိုက်တယ်။
တိဗက်ရိုးရာခြုံလွှာကို လုံးထွေးကိုင်ထားတဲ့ ရှောင်ရှောင်းက မျက်ခုံးတန်းလေးတွေတွန့်ချိုးထားသလို၊ နှုတ်ခမ်းပါးရဲရဲလေးကတော့ စူထော်နေပြီပဲဖြစ်ပါတယ်။ ခြုံလွှာမခြုံတတ်တာကို အကူအညီမတောင်းပါဘဲ စိတ်အလိုမကျဖြစ်နေပုံက အသည်းအူယားစရာ။
ရိပေါ်လည်း ရှောင်ရှောင်းဆီလျှောက်သွားလိုက်ပြီး လက်သေးသေးလေးထဲက ခြုံလွှာကိုလက်လွှဲယူလိုက်ပါတော့တယ်။"လာ...ကျုပ်ဘက်ကိုလှည့်..."
ရိပေါ် စကားဆုံးတာနဲ့ ရှောင်ရှောင်းက ရိပေါ်ဘက် လုံးလုံးလျားလျားလှည့်လာတယ်။ရိပေါ် လည်း ခြုံလွှာရဲ့ရွှေချည်ကွပ်အနားတွေကို ညီအောင်ညှိလိုက်ရင်း ရှောင်ရှောင်းကို ဆက်ပြောလိုက်တယ်။
YOU ARE READING
Tales Of The Himalayas (Completed)
Fanfiction"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."