လာဆာမှာ နှင်းတွေတောင် ကျဲပါးကုန်ကြပြီ။ ပန်းသွေးရောင် မက္မွန်ပွင့်တွေက ငွါးစွင့်လို့ နွေဉီးဆီတိုးဝင်ချိတ်ဆက်နေကြပြီပဲဖြစ်တယ်။ချိုမိုလန်းမားတောင်တန်းတွေကတော့ ရေခဲထုတွေ ပျော်ဝင်အက်ကွဲလို့ရယ်...။တိဗက်အကြီးအကဲအိမ်တော်ရဲ့ အနောက်ဘက်လွင်ပြင်ကျယ်တွေက နှင်းပွင့်တွေ စိုလူးနေတုန်းမို့ စိမ်းတစ်ကွက်၊ ဖြူတစ်ကွက်နဲ့ ။နံနက်ပိုင်းမို့ နွေဉီးရဲ့ နေရောင်ခြည်
က ကောင်းကောင်းထွက်ပြူ မလာသေး။ရှောင်းကျန့် မြက်ခင်းလွင်ပြင်ပေါ် ခြေဆင်းထိုင်ရင်း သိုးမွေးရိတ်နေကြတဲ့
ဝမ့်ချက်ခ်နဲ့ မာချော့ကို ငေးနေလိုက်တယ်။မျက်ဝန်းသွယ်တွေရဲ့အကြည့်က လှုပ်ရှားနေတဲ့ လက်နှစ်စုံဆီမှာဆိုပေမဲ့ အတွေးကတော့ မျောမျောလွင့်လွင့်နဲ့ပါပဲ။ဒီနေ့က အကြီးအကဲကို ဒုတိယအကြိမ်ရှာဖွေတဲ့အဖွဲ့ ပြန်ရောက္မဲ့နေ့ပဲဖြစ်တယ်။
ပထမအကြိမ်ပြန်လာတုန်းကတော့ ရွှေချည်ကွပ်အနားတွေ စုတ်ဖွာနေပြီး သွေးစတချို့စွန်းပေနေတဲ့ အကြီးအကဲရဲ့ ခြုံလွှာတစ်ထည်သာပါလာခဲ့တယ်။ အကြီးအကဲကိုတော့ အစအနတောင် ရှာမတွေ့ခဲ့ပါဘူး။ရေခဲလျှိုထဲကျသွားခဲ့တာမို့ ခဲရာခဲဆစ်ဆင်းရှာတာတောင် ပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။
အတွေးတွေက အကြီးအကဲဆီ တဝဲဝဲလည်တဲ့အခါ မျက်ရည်စက မျက်တောင်ရှည်တွေပေါ် ခိုသီးတယ်။ တုန်ယင်လာတဲ့ နှုတ်ခမ်းပါးကို ယုန်သွားလေးနဲ့ ဖိထိန်းကိုက်လိုက်ပြီး ရှိုက်သံသဲ့သဲ့ကို ခက်ခက်ခဲခဲ ပြန်မျိုချလိုက်ရပါတယ်။
ရှောင်းကျန့် မျက်လုံးတွေအောင့်မျက်ရောင်ရမ်းတဲ့အထိ နေ့တိုင်းရှိုက်ငိုနေရပေမဲ့ မျက်ရည်တွေက အခုချိန်ထိ ကုန်ခန်းမသွားဘူးပဲ။အကြီးအကဲပြန်လာမယ်လို့ တစ်ထစ်ချယုံကြည်ထားတဲ့ ရှောင်းကျန့်မျှော်လင့်ချက်တွေလို....။
"ကြင်ယာတော်...ပြီးပြီ"
"အေးတယ်...သွားစို့.."
ဝမ့်ချက်ခ်နဲ့ မာချော့က ရှောင်းကျန့်နားအပြေးရောက်လာကြပြီး ပြန်ဖို့လောဆော်လာကြတယ်။ဒီအတောအတွင်း သူတို့နှစ်ယောက်စလုံးက ရှောင်းကျန့် နဲ့စကားပြော
နိုင်အောင် တိဗက်ကုန်သည်တချို့ အကူအညီနဲ့ တရုတ်စကားသင်ယူနေ
ကြတယ်။
YOU ARE READING
Tales Of The Himalayas (Completed)
Fiksi Penggemar"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."