လွင်ပြင်ကျယ်ကိုဖြတ်တိုက်လာတဲ့
လေနုအေးက သစ်လွင်လတ်ဆတ်လို့နေတယ်။ ရိပေါ်ကတော့ ပြတင်းဘောင်ပေါ် လက်လေးထောက်လို့မျှော်ငေးနေသူကို
ကြည့်ရင်း ခပ်ရေးရေးပြုံးလိုက္မိတော့
တာပါပဲ။ပိုးသားခေါင်းပေါင်းထိုးထိုးထောင်ထောင်နဲ့ အနှီအမျိုးသားကလေးက မျက်လုံးလေးေတွ ကွေးကုပ်ကျသွားတဲ့အထိ သဘောတကျပြုံးနေသေးတာမို့ ရိပေါ် ခုမှပဲ သက်ပြင်းဖွဖွချနိုင်ပါတော့တယ်။
တကယ်တော့ အကောင်ပေါက်လေးကို ခေါ်ဆောင်လာမှာမို့ နဂိုသန့်ပြန့်နေတဲ့
အိမ်တော်ကို ပိုကြည့်ကောင်းအောင် ကြိုတင်ရှင်းလင်း ပြင်ဆင်ထားရတာပဲဖြစ်ပါတယ်။မျက္မှောင်ကလေးတွန့်ချိုးပြီး နှာခေါင်းလုံးလုံးလေး တွန့်ရှုံ့သွားမှာမျိုးကို သူတကယ် မလိုလားလို့ပါပဲ။တစ်သက်တာလုံး ပျော်ရွှင်အောင် ဆောင်ကြဉ္းပေးဖို့ ရည်ရွယ်ထားတာမို့ ရိပေါ် ကတော့ တတ်စွမ်းသလောက်ကြိုးစားသွားမှာပါပဲ။ ချစ်ရသူမို့ မျက်နှာညှိုးမှာ သိပ်စိုးပါတယ်။ဟုတ်ပါရဲ့။
ဟော့ဒီ ရှောင်ရှောင်း ဆိုတဲ့ အကောင်ပေါက်လေးဟာ သူတစ်ဖက်သတ် ကျိတ်ချစ်နေရပါတဲ့မြတ်နိုးဖွယ်ရာ ကြင်ယာဖက်ကလေးပဲ ဖြစ်ပါတယ်။ရှောင်ရှောင်းက အိမ်တော်ထဲလှည့်ပတ်
ကြည့်ပြီးတာနဲ့ သားမွေးခင်းထားတဲ့ကုလားထိုင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချ
ပါတော့တယ်။ ပါးစပ်ကလည်း ညည်းညည်းတွားတွားနဲ့ တိုးတိုးကလေးပြောလိုက်ပါသေးရဲ့။"ဟူးးးးအခုမှပဲ အညောင်းပြေတော့တယ်..."
ဟုတ်ရှာမှာ။ ခရီးစဥ္တစ်လျှောက်လုံး ကုလားအုတ်ပေါ် အိပ်ငိုက်လာတာချည်း
မို့ ရိပေါ်မှာ ရင်ခွင်ထဲ ကျစ်နေအောင်ပွေ့ထားပေမဲ့ တစ်ချက်တစ်ချက် လမ်းပန်းအခြေအနေအရ ယိမ်းယိုင်သွားတတ်သေးတာရယ်။ ဒီလိုဆို ရိပေါ်မှာ လက်အံသေအောင် လက္မောင်းသားနဲ့ ထိန်းပွေ့ထားရသေးတာပဲ။ဒါကြောင့် အိပ်မောကျနေတဲ့ ကလေးပေါက်စခမျာ ခွေခွေခေါက်ခေါက်ကလေး လိုက်လာရတာမို့ အကြောအချဥ္၊အဆစ်အမြစ်တွေ နာကျင်နွမ်းနယ်နေရှာလိမ့်မှာ။
YOU ARE READING
Tales Of The Himalayas (Completed)
Fanfic"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."