တိဗက်ပြည်ဟာ နွေဦးဆီ တတိတိတိုးဝင်ခါစမို့ အအေးဓာတ်က ဖျော့တော့တယ်ဆိုရုံကလေး။ နေရောင်ခြည်တစ်ချို့တလေကြောင့် အရည်ပျော်စ နှင်းဖွေးဖွေးတွေဟာလည်း ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ငွေဖြူရောင် လဲ့လက်လို့ရယ်...။"ဂွပ်..."
ရိပေါ် စာလွှာရေးနေတုန်း စားပွဲပေါ် ဆောင့်ဆောင့်အောင့်အောင့်ကလေးပစ်ကျလာတာက အဖုံးအုပ်ထားတဲ့ငွေအစ်ကလေးတစ်လုံး။ရိပေါ် ဖျတ်ခနဲအကြည့်ရွှေ့လိုက်တော့ တရားခံက ရှောင်ရှောင်းဖြစ်လို့နေလေရဲ့။
ကျစ်ဆံမြီးတွေအများကြီးနဲ့ လှချင်တိုင်းလှနေတဲ့ ရှောင်ရှောင်းကတော့ ခုလေးတင် ပစ်ချလိုက်တဲ့ ငွေအစ်လေးကို မျက်စောင်းကလေး လှစ်ခနဲထိုးလိုက်ပါတယ်။ နှုတ်ခမ်းပါးလေးစူထော်နေသူလေးက စိတ်အလိုမကျဖြစ်နေပုံပါပဲ။ ခါးထောက်ရပ်နေပြီး မျက်ခုံးတန်းလေးကိုပါ စုကျုံ့ထားသေးတော့တာရယ်။
"ဘာဖြစ်လာတာလဲ ရှောင်ရှောင်း...
ကိုကို့ကိုပြောဦးလေ..."".............."
ရိပေါ် စုတ်တံကို လက်ကချလိုက်ပြီး မတ်တပ်ရပ်နေတုန်းဖြစ်တဲ့ ရှောင်ရှောင်းရဲ့ လက်မောင်းသားလေးကို ဖွဖွဆွဲလို့ ကုလားထိုင်ပေါ် ထိုင်စေလိုက်တော့ ပုံ့ပုံ့ကလေး ထိုင်ချလာပါရဲ့။ခါးထောက်ထားတုန်းဖြစ်တဲ့ ရှောင်ရှောင်းက ရိပေါ် မေးတာကိုတော့ ခုထိမဖြေသေး။ ရိပေါ်လည်း တုံဏှိဘာဝေလေးလုပ်နေတဲ့ ရှောင်ရှောင်းကို အထူးတလည်မေးမနေတော့ဘဲ ငွေအစ်လေးကို အဖုံးလှပ်ဖွင့်လိုက်တဲ့အခါ...
"ဟင်...ဒါ မနက်က မာချော့ချက်နေတဲ့ နွားနောက်သားတွေမလား..."
ရိပေါ်ရဲ့ ခပ်တိုးတိုးရေရွတ်သံအဆုံးမှာတော့ ရှောင်ရှောင်းက မျက်လုံးကလေးစွေကြည့်လာပါတယ်။ နောက်တော့ စူစူအောင့်အောင့်ကလေး မေးလာတော့တာပါပဲ။
"ကိုကို့...လာမားဘုန်းတော်ကြီးတွေက ကျွန်တော့်ကို ဘာလို့ လျစ်လျူရှုကြတာလဲ..."
မျက်မှောင်ကလေးကြုတ်လို့ မေးနေပုံက အသည်းအူယားစရာဆိုပေမဲ့ မေးခွန်းအနေအထားအရ ရှောင်ရှောင်းခမျာ စိတ်မကောင်းဖြစ်နေပုံမို့ ရိပေါ် သေချာမေးမြန်းဖို့ပြင်ရပါတယ်။
YOU ARE READING
Tales Of The Himalayas (Completed)
Fanfiction"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."