*ကောင်လေး မင်းဘာလို့ ပြောရဆိုရခက်တာလဲ*
*ဘာလုပ်လို့လဲ ဦးလေးကြီးကလည်း*
*ဟ မင်း ငါ့ အနောက်တောက်လျောက် လိုက်နေတာလေ*
*ဘယ် ဘယ်မှာ လိုက်လို့လဲ။
မလိုက်ပါဘူး နော်။ကျွန်တော့်ဘာသာ သွားနေတာ**ကျစ်!ဒါဆို မင်း အရှေ့ကသွား*
*ဟွန့် ဒီလမ်းကသူတယောက်ထဲ အပိုင်ကျလို့*
ခြေစောင့်ထွက်သွားတဲ့ ကောင်ငယ်လေးကိူ ကြည့်ပြီးjeonခေါင်းရမ်းမိတယ်။ဒီကောင်လေးကို သတိထားမိနေတာကြာပီ။နေ့တိုင်းလိုလို ကို့ယ့်နောက်လိုက်နေတာ။အရင်ကတော့ လမ်းတူတာလို့ တွေးမိပေမယ့် မဟုတ်ခဲ့ဘူး။။အစ ကတော့ အာရုံနောက်တယ်ဆိုပီးလျစ်လျူရှုထားတာ ဒီမနက်တော့ မနေနိုင်တော့ဘုး။မေးတေ ာ့လည်း ဘုဆက်ဆက်နဲ့။ဒီခေတ် ခလေးတွေ တကယ်ခက်တယ်။ရုပ်ကလေးက အထက်တန်းသာသာဘဲရှိသေးတာ။ ဘယ်ကျောင်းက ကလေးလဲ နော် မိဘတွေအစား ရင်လေးတယ် တကယ်။စာမကြိုးစားကြဘဲ ဘာအတွေးတွေတွေး နေလဲ မသိဘူး။
လူပျိုကြီးပီပီ အသက်၃၀ကျော်ရုံသာရှိနေပေမယ့်jeonကတော့ တကိုယ်တည်းသာ ရပ်တည်နေပါတယ်။မိဘတွေက အသိုင်းဝိုင်းကြီးထဲကမို့ ပူပင်စရာဘာမှမရှိပါ။jeonကိုလည်း ဝါသနာပါတဲ့ အလုပ်လုပ်ခွင့်ပေးတာမို့ သူ မြတ်နိုးသော ဆရာ အလုပ်ကိူ လုပ်တယ်။စာသင်ရတာ စာဖတ်ရတာ စာရေးရတာ ဝါသနာတယ်။
ငယ်ငယ်ကတည်းက ကျောင်းအကောင်းစားမှာတက်။စာအရမ်းကြိုးစားတော့ အသက် ၂၀ကျော်မှာတင် ဘွဲ့နှစ်ခုလောက်ရနေပြီ။ဆ်ုလ်း ရဲ့ နာမည်ကြီး အထက်တန်းကျောင်းတွေမှာ ဆရာ လုပ်ခဲ့တယ်။စာသင် အတွေ့အကြုံရင့်လာတော့ အထက်တန်းကျောင်းကနေပြီးတော့ တက္ကသိုလ် ဆရာ အဖြစ်ကိူ ရောက်ရှိခဲ့တယ်။အခုကျောင်းကတော့ ပြောင်းရွေ့လာတာ သုံးကျောင်းမြောက်ပေါ့။ကျောင်းသားအမျိုးမျိုး ဆရာ အမျိုးမျိူးနဲ့ တွေ့လာခဲ့ပြီးပြီမို့ ဆရာjeonကတော့ လူတွေအကြောင်းနှော ကျေနေပါပီ။အနေအေးပီး တည်ငြိမ်တယ်။ပြတ်သားတယ်။မှန်တယ်ထင်ရင် ဘယ်လောက်အာဏာကြီးတဲ့သူ ဖြစ်ဖြစ် ရင်ဆိုင်ရဲတယ်။မွေးချင်းသုံးယောက်မှာ အငယ်ဆုံးလေး ဆရာjeonကိုတော့ အိမ်ကသူတွေကော ကျောင်းသားတွေကိူ ချစ်ကြောက် ရိုသေကြတယ်။