Episode- 31☯

137 21 9
                                    


" ကဲ မင်းဒီမှာအကြိုက်ငို ဘယ်သူမှမရှိဘူး "

ဘေးပတ်လည်ကို ခါးလောက်ထိရှည်သော အုတ်ဘောင်တို့နှင့် ခတ်ထားပြီး အဆောက်အအုံခပ်ကြီးကြီး၏ Rooftopဖြစ်တာကြောင့် အကျယ်ကြီးဖြစ်သည်။ ထိုနေရာတွင် သူတို့နှစ်ယောက်တည်း။

ဂျေးက အုတ်ဘောင်ကို မှီကာ လက်ပိုက်ပြီးရပ်နေရင်း သူ့အရှေ့က ဆောင်းဟွန်းကို အကြိုက်ငိုဆိုပြီး စနေတော့သည်။

အမြင့်ဆုံးအထပ်ရောက်နေလို့ တိုက်ခတ်လာသည့် လေတို့ကြောင့် အနည်းငယ်ပုံပျက်သွားသည့် ဆံနွယ်တို့ကို ပြန်သပ်တင်လိုက်ရင်း ဆောင်းဟွန်းက၊

" မင်းကလည်း.. ငါကအဲ့လောက်မဟုတ်ပါဘူးနော် ငါ့ညီမလေးကို နှမြှောတာပဲရှိတာ"

နှုတ်ခမ်းစူစူလေးနှင့် စကားဆိုနေတော့ ဂျေးက သဘောတကျ ပြုံးမိသည်။ ဆောင်းဟွန်းက ဘယ်လိုကြည့်ကြည့် လှနေတာလေး။ ဆံပင်လေး သပ်တင်လိုက်သည့်ပုံကလေးကြောင့် ဂျေးရင်ထဲ လှိုင်းတို့ထသွားမလားပင်။

" သေချာစဥ်းစားကြည့်တော့လည်း သူချစ်တဲ့သူနဲ့ လက်ထပ်လိုက်ရတော့ သူလည်းတော်တော်လေးပျော်နေမှာပါလေ "

ဂျေး၏ဘေးသို့လာ၍ အုတ်ဘောင်ပေါ် လက်ထောက်ကာ ခပ်ဝေးဝေးကို ငေးရင်း​ဆောင်းဟွန်းက ဆက်ပြောသည်။ ဂျေးလည်း ဆောင်းဟွန်း၏ပုခုံးကို ပုတ်ပြီး နှစ်သိမ့်ကာ၊

" ဒါပေါ့ကွာ ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့မှတ်လိုက်ပါ "

ဂျေးကတော့ တစ်ဦးတည်းသော သားမလို့ မောင်နှမအချစ်ကို နားမလည်တာကြောင့် ဆောင်းဟွန်းကို နှစ်သိမ့်ပေးရုံမျှသာတတ်နိုင်သည်။ သူနှစ်သိမ့်လည်း ဆောင်းဟွန်းကတော့၊

" အီးဟီး ငါ့ဆီကို ငါ့ညီမလေး ပြန်လာတော့မှာမဟုတ်ဘူး.... "

အသံရှည်ဆွဲပြီး တအီးအီးနှင့် ထငိုတော့ ဂျေးမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိ၊ ဆောင်းဟွန်းကိုက ငယ်ကျင့်မပျောက်ဘဲ တစ်ခုခုဆို ဂျေးအရှေ့တွင် ပန်းနုသွေးခြင်းပါ။

ဂျေးကလည်း ထိုအကျင့်လေးကို သိတော့ ခပ်ဟဟရယ်ရင်း ထိုပင်ဂွင်းပေါက်လေးကို ပုခုံးမှ ဖက်ကာ သူ့ပုခုံးထက် ခေါင်းလေးတင်စေလိုက်သည်။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now