Episode- 30☯

163 23 4
                                    

ရေပြင်ကျယ်ကျယ်အထက်မှ လူးလွန့်လာသည့် လေညှင်းကလေးတို့သည် ပြတင်းပေါက်ကိုကျော်လွန်၍ အဖြူရောင်ဇာလိုက်ကာလေးအား ကျီစယ်လာသည်။

လေညှင်းလေးတွေကို ရှူရှိုက်ရင်း မော့ကြည့်မိပြန်လျှင်လည်း ပြည့်ဝိုင်းစက်နေသော လမင်းကြီးနှင့် ဘေး၌ ဝန်းရံနေသော ကြယ်လေးတို့ကိုသာ တွေ့မြင်ရမည်။

ဘေးဘီဝဲရာကိုကြည့်မိသည့်အခါ လရောင်အောက်တွင် ပွင့်လန်းနေသော ခြံထဲရှိ ပန်းပင်ကလေးတွေနှင့် မှိတ်တုပ်မှိတ်တုပ်ဖြင့်ကခုန်နေကြသည့် ပိုးစုန်းကြူးလေးတို့အား အေးချမ်းစွာ တွေ့ရလေ၏။

ကိုယ့်မိဘ၏အိမ်ကို ရောက်နေသောကြောင့်၎င်း၊ သာယာသောစိတ်ငြိမ်ရပ်ကွက်သို့ ရောက်နေသောကြောင့်၎င်း၊ ချစ်ရသူနှင့်အတူရှိနေရသောကြောင့်၎င်း ဆောင်းဟွန်းအတွက်တော့ ယခုလိုအချိန်မျိုးလေးကို အဖိုးမဖြတ်နိုင်ပေ။

လသာဆောင်လည်းဖြစ်သည့် အပေါ်ထပ်ဝံရံတာတွင်ရှိသော ခုံတန်းရှည်လေးပေါ်တွင် ဆောင်းဟွန်းတို့သားအမိနှစ်ယောက် ထိုင်နေကြပြီး ဆောင်းဟွန်းက သူ့မေမေ၏ ပေါင်ပေါ်သို့ ခေါင်းလေးတင်၍အိပ်ကာ ချွဲနေသည်။

မေမေကလည်း သူ့သားလေး၏ ခေါင်းလေးကိုပွတ်ပေးနေသည်။ ဘယ်လောက်ပဲ အသက်ကြီးလာပါစေ၊ မိခင်၏ မျက်ဝန်းထဲတော့ သူ့သားလေးက မွေးခါစကလေးလေးလိုပင်။

ဆောင်းဟွန်းကတော့ သူ့မေမေအား သူကြုံတွေ့ခဲ့ရသည်တို့ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်၊ ဆိုးလ်မှာကျန်ခဲ့သော သူ့သူငယ်ချင်းတွေဖြစ်သည့် ဂျိတ်ခ်နှင့်ဟီးဆွန်းဟျောင်းတို့အကြောင်းနှင့် နီခီတို့ဆောနူတို့ အကြောင်းတွေပါပြောလိုက်၊ ရယ်စရာဟာသလေးတွေလည်း ပြောလိုက်နှင့် သားအမိနှစ်ယောက် စကားကောင်းနေကြသည်။

မူကြိုစတက်သည့်အရွယ်ကတည်းက ဆောင်းဟွန်းသည် သူ့မေမေအား မူကြိုကအကြောင်းတွေကိုပြောပြတတ်သူဖြစ်ပါသည်။ ကျောင်းတက်တဲ့အရွယ်ရောက်တော့လည်း ကျောင်းကအတွေ့အကြုံ၊ ယခုအသက်အရွယ်ရောက်တော့လည်း Modelလုပ်တော့လည်း ကိုယ်ရသမျှ အတွေ့အကြုံတို့ကို မေမေ့အား ပြန်၍ မျှဝေနေခြင်းဖြစ်သည်။

𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩Where stories live. Discover now