ခရီးမထွက်ခင်ည၌ ဖြစ်သည်။
အမြဲလိုလို တိတ်ဆိတ်ငြိမ်သက်နေတတ်သည့် ဂျေး၏အိမ်က ယခုတော့ ဆူညံသံတို့နှင့် ပွက်လောရိုက်နေသည်။
ဧည့်ခန်းထဲတွင် Gameစုဆော့နေသည့် ဆောင်းဟွန်း၊ ဂျိတ်ခ်နှင့် နီခီတို့က အေးချမ်းငြိမ်သက်ခြင်းအား လွန်ဆန်နေလျက်။
သုံးယောက်လုံး teamအနေနှင့်ဆော့သော်လည်း ဆောင်းဟွန်းနှင့်နီခီက အပေးအယူမျှသလောက် ဂျိတ်ခ်မှာတော့ gameထဲ သူသတ်သည့်အကောင်အရေက သူသေသည့်အကြိမ်အရေနှင့် သုံးဆလောက်ကွာဟကာ နည်းနေလေ၏။
ပြာပြာသလဲနှင့် အားကြိုးမာန်တက်ဆော့လိုက်၊ gameထဲအသတ်ခံလိုက်ရလို့ လောင်သွားလိုက်နှင့် ဂျိတ်ခ်မှာ ဖို့ယို့ဖားယားကြီးကို ဖြစ်လို့။ ဆောင်းဟွန်းနှင့် နီခီတို့၏ တဟားဟားနှင့် ဝါးလုံးကွဲရယ်သံတို့ကလည်း ဂျိတ်ခ်အား စွေ့စွေ့ခုန်စေသည်။
သူတို့၏ နားဒုက္ခပေးသောအသံတို့ကြောင့် ဘေးစာကြည့်အခန်းထဲမှ ဂျေးမှာတော့ စုတ်တသပ်သပ်နှင့်ပဲ ထိုအခန်းမှထွက်လာ၊တော့သည်။
အချိန်လည်း ၁၁နာရီကျော်နေပြီဖြစ်၍ ထိုသကောင့်သားတွေကို အိပ်ဖို့သွားငေါက်မှ ရတော့မည်။
ဂျေး သူတို့အနားသွားလိုက်တဲ့အခါ ကျန်သည့်နှစ်ယောက်က ဂိမ်းအဆော့မပျက်ပေမယ့် ဆောင်းဟွန်းကတော့ ခေါင်းလေးမော့ကြည့်ကာ ပြုံးပြလာသည်။
ရုပ်ကလေးသနားကမားလေးကိုမြင်တော့လဂျေးမှာ လာရင်းရည်ရွယ်ချက်ကိုတောင် မေ့သွားသလိုလို။
" ဟာ ဟျောင့်...!!!! ပတ်ဆောင်းဟွန်း မင်းဘာလုပ်နေတာလဲ သေကုန်တော့မယ် ယား...... "
ဘေးမှ လောင်နေသည့် ဂျိတ်ခ်၏ အသံကြားမှ ဆောင်းဟွန်းလည်း ဂျေးနှင့် အကြည့်လွှဲလိုက်ပြီး ပြန်ဆော့သည်။ ထိုအခါမှ ဂျေးလည်း သတိပြန်ဝင်ပြီး၊
" ယား... မင်းတို့ ဆော့တာတော်တော့ ဘယ်ချိန်ရှိနေပြီလဲ အိပ်ကြတော့ "
" ဟာ...... "
သုံးယောက်လုံးထံမှ ငြီးတွားသံ အသံရှည်ကြီးထွက်လာသည်။
YOU ARE READING
𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩
Romanceခြောက်နှစ်ကျော်ကာလ တစ်လျှောက်လုံး ထားရှိခဲ့တဲ့ သူငယ်ချင်းသံယောဇဥ်က သက်မဲ့စိတ္တဇနာမ်တစ်ခုကြောင့်နဲ့ အခြေအနေတစ်ခုအထိ ပြောင်းလဲသွားတယ်ဆိုတာ အင်မတန်မှ ရုတ်တရက်ဆန်မနေဘူးလား။ 𝐇𝐨𝐰 𝐓𝐨 𝐑𝐮𝐢𝐧 𝐀 𝐅𝐫𝐢𝐞𝐧𝐝𝐒𝐡𝐢𝐩..💘