Chapter-2

1K 45 3
                                    

"သျှင်ယမင်းရေ"

"အေး လာပြီ"

သျှင်ယမင်းသူ..
တစ်နည်းပြောရရင် ဇောရဲ့တစ်ဦးတည်းသောသူငယ်ချင်းမ..အကောင်သေးသေးလေးနဲ့ဇောထက်တစ်နှစ်ငယ်တဲ့သူမကအလှအပအရမ်းမက်သည်။အခုလည်းကျူရှင်သွားမည်ကိုပင်နှုတ်ခမ်းနီပါးနီတို့ဖြင့်ခြယ်သလာသေး၏။ဒါကိုမြင်တော့ဇောကဘုကြည့်ကြည့်လာတယ်။

"နင်နဲ့လဲနော် ကျူရှင်သွားတာကိုလင်နောက်လိုက်တော့မလိုပဲ"

"ဟဲ့ လူတောသူတောသွားမှာလေ ဒီလောက်တော့ပြင်ရမှာပေါ့"

"ငါ့ကိုကြည့်ဘယ်မှာများပြင်ဆင်ခြယ်သထားလို့လည်း"

"အော် ဒီတစ်ယောက်နဲ့တော့ တူမလား ငါကမိန်းကလေးလေ မိန်းကလေးဆိုတာဖြစ်ကတက်ဆန်းနေလို့မရဘူး"

"ဟက် ပြောတာပဲ"

"ငါတို့ကကမ္ဘာမြေရဲ့အလှတရားလေးတွေလေ..ဟီဟီး ဒီတော့လှလှပပကျော့ကျော့ကော့ကော့နေတက်ရတယ် သဘောပေါက်လား"

"ဘာအလှတရားလဲ ကျူရှင်ထိပ်မှာထမိန်လှန်အိပ်နေတဲ့အရူးမမဏိစန္ဒာကမှနင့်ထက်ချောနေအုံးမယ်"

"ဘာ "

"အနာပေါ်တုတ်ကျလို့နာသွားလား"

"အင့် နင်နော် "

သူမစိတ်ဆိုးပြီးမျက်နှာလေးရှုံ့မဲ့ကာဇောကျောကုန်းပေါ်ကိုထုရိုက်လာတယ်။ဒါကကျူရှင်မသွားခင်လုပ်တဲ့အပြုအမူတစ်ခုလိုတောင်ဖြစ်နေခဲ့ပြီ။ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲသူဒီသူငယ်ချင်းလေးနဲ့ပေါင်းလာတာနှစ်နှစ်ပြည့်ခဲ့တယ်။

"ငါတို့ဒလကလည်းဟာ ကောင်းကောင်းကန်းကန်းဘာမှမရှိဘူး"

". ...."

"မြို့ထဲကငါ့သူငယ်ချင်းတစ်ယောက်ဆိုကျူရှင်မသွားခင်ဟော့ပေါ့ကဝင်စားလိုက်သေးတယ် ဒီမှာတော့ ဟင်း..."

"နင်စားချင်ရင်ညောင်ကုန်းဘက်မှာရှိတယ်လေ"

"ဟုတ်လား ငါမသိဘူးလေ နောက်နေ့သွားစားရအောင်"

"အင်း"

"ဟဲ့ အမလေး မြန်မြန်လာကြအပေါ်မှာဆရာစာသင်တော့မယ်"

<ချစ်သောအက္ခရာ>[Completed]Место, где живут истории. Откройте их для себя