Chapter-7

578 26 0
                                    

*ဘဝကဟိုလူကြီးနဲ့လည်းမတွေ့ချင်..ဖေရိုင်းကိုလည်းမတွေ့ရမနေနိုင်တော့ ကျွန်တော့်အစီအစဥ်က...မနက်ကျူရှင်သွားမယ် နေ့လည်အရင်အိမ်မှာထမင်းဝင်စားပြီးဖေရိုင်းနဲ့စကားပြောမယ်..ညနေကျူရှင်သွားမယ်ပြန်ရင်အဖွားတို့ဆီပဲပြန်အိပ်မယ် ဒီလို...ညနေကျရင်အက္ခရာနဲ့ကအပြန်လမ်းမတူတော့ဘူး ဒီတော့နေ့လည်ပဲဖြစ်ဖြစ် အတူပြန်ကြမယ်ပေါ့ အခုတော့ဒီကောင်ကဘာအချိုးချိုးတာလဲ မိန်းမတစ်ယောက်ရဲ့ဆိုင်ကယ်ပေါ်မှာပါသွားတာအခန့်သား..*

"ဟဲ့ ဇော"

"ဘာလဲ"

"ရုပ်ကြီးကဆူပုတ်နေတာပဲ ဘာဖြစ်နေတာလဲ"

"ဟိုကောင့်ကိုစိတ်တိုနေတာ "

"အော် ဘာလဲ ငါတို့နဲ့အတူမပြန်လို့လား"

"အင်း"

"ဖြစ်ရမယ် သူလည်းအချိန်တိုင်းတော့ငါတို့နဲ့အတူဘယ်ရှိပေးနိုင်မလဲ နောက်ပြီးသူ့အိမ်က စည်းကမ်းကြီးတယ်လို့ကြားတယ်"

"ဟုတ်တယ် ဒီကောင်ကအခြေကြီးအနေကြီးထဲက"

"ဟင် နင်ဘယ်လိုသိလဲ"

"စခင်တဲ့နေ့ကျူရှင်ပြန်တော့မိုးတွေသည်းပြီးသစ်ကိုင်းကသူ့ပေါ်ပြုတ်ကျမလိုဖြစ်တယ်လေ.. ငါကသူ့လက်ကနေဆောင့်ဆွဲလိုက်တော့လက်ဆစ်လွဲသွားတာ အဲ့ဒါနဲ့ပဲငါသူ့ကိုအိမ်အထိလိုက်ပို့ပေးလိုက်ရတယ်..သူ့အမေကသဘောကောင်းပါတယ် အိမ်နဲ့ခြံကတော့နည်းတာမဟုတ်ဘူး"

"ဝှားးးမိုက်တယ်နော် အစောကငါနဲ့တော်တော်လေးကွာတာပဲ"

"ဒါပေါ့ စောက်စကားများတာရော အတင်းပြောတာရော ရီတာရော ငိုတာရော နင်နဲ့တစ်စက်ကလေးမှတူမနေဘူး "

"ဘာ "

"နင်ကသရဲမ"

"မင်းထက်ကျော်ဇော..နင် နင်နော်"

"အနာထိလို့စပ်လည်းမတက်နိုင်ဘူး အဲ့ဒါတစ်ကယ်နင်လုပ်နေတဲ့အရာတွေပဲ အိမ်ထဲဝင်တော့ ငါသွားပြီ"

"အကောင်စုတ် ညနေလာမခေါ်နဲ့ ငါကိုကိုနဲ့သွားမှာ"

ဇောလက်ကာပြလိုက်သည်။ပြန်လာတဲ့လမ်းမှာလူကရှင်းနေတယ်..လမ်းထိပ်ကခရေပင်ကြီးအောက်ရောက်တော့လူတစ်စုဆေးလိပ်ထိုင်သောက်နေကြလေရဲ့..

<ချစ်သောအက္ခရာ>[Completed]Donde viven las historias. Descúbrelo ahora