Chapter-1

1.9K 59 0
                                    

မှောင်နှင့်မည်းမည်းပတ်ဝန်းကျင်ထဲတစ်လှမ်းချင်းလျှောက်လှမ်းနေတဲ့လူတစ်ယောက်..ခြေလှမ်းတွေဟာတုန့်ဆိုင်းခြင်းမရှိပါပဲလိုရာအရပ်ကိုသာဦးတည်နေခဲ့တယ်။

!တောက်!

ပတ်ဝန်းကျင်ကမီးရောင်တွေရုတ်တရပ်ထလင်းသွားတယ်။တစ်ချိန်တည်းမှာပဲ မျက်ဝန်းညိုညိုတွေကမီးရောင်တွေရဲ့အောက်တည့်တည့်ဆီပြေးကြည့်လာတော့သည်။

"ဒါဘယ်လဲ"

အေးစက်နေတဲ့လေထုထဲခပ်ပြတ်ပြတ်အမေးတစ်ခွန်း..တစ်ဖက်လူရဲ့မေးခွန်းကိုဖြေဖို့အတွက်သူအစီအစဥ်မရှိလေဘူး..သို့ပေမယ့်..

"အပြင်"

တို့လို့တန်းလန်းဖြစ်နေတဲ့နားကျပ်ကြိုးတွေကိုနားနှစ်ဖက်မှာတပ်ဆင်ဖို့လုပ်လိုက်တယ်..သီချင်းကတော့ဖွင့်မရသေး..

"နာရီကိုကြည့်စမ်း ဒါလူကောင်းတစ်ယောက်အပြင်သွားတဲ့အချိန်လား"

"ကျွန်တော်လူကောင်းမဟုတ်ဘူး"

*စိတ်ပျက်မိတယ် ဖြစ်နိုင်ရင်ဒီလူနဲ့တစ်အိမ်ထဲအတူမနေချင်တော့ဘူး..အဝေးကိုပြေးထွက်သွားချင်တယ် အဖေဆိုတဲ့လူရဲ့မျက်နှာကိုထပ်မတွေ့ချင်တော့ဘူး..ဒါပေမယ့်... ငါသာဒီအိမ်ကထွက်သွားခဲ့မယ်ဆိုရင်...*

"သား"

နောက်ဖေးချောင်ကနေထွက်လာတဲ့ခပ်ချိုချိုအသံလေး..ကြားရုံနဲ့တင်ထိုလူကသူရဲ့သားဖြစ်သူအပေါ်မည်မျှလောက်ချစ်ကြောင်းသိနိုင်သည်။

"ဖေရိုင်း သားအပြင်သွားမလို့"

"မှောင်နေပြီလေ ညဥ့်အတော်နက်နေပြီ"

နွေးထွေးတဲ့လက်တစ်စုံကသူ့ပုခုံးတွေကိုဖိကိုင်လာခဲ့တယ်။မျက်လုံးတွေထဲမှာလည်း စိုးရိမ်စိတ်တွေလုံးလုံးပါဝင်နေတယ်။

"သား သွားစရာရှိနေလို့"

"ဘယ်လောက်များအရေးကြီးနေလို့လဲကွာ "

"အရေးမကြီးပေမယ့် အိပ်မပျော်လို့"

"သားကတော့လေ အိပ်မပျော်ရင်ဖေရိုင်းနဲ့စကားပြောရောပေါ့ အပြင်မှာမှောင်မည်းတိတ်ဆိတ်နေတာ အန္တရာယ်များတယ်ကွဲ့"

<ချစ်သောအက္ခရာ>[Completed]Donde viven las historias. Descúbrelo ahora