Chapter-4

647 30 0
                                    

"ဒီအိမ်ပဲ"

"ဒီအိမ်.."

*စောအက္ခရာကိုအထင်သေးမိတာလုံးလုံးမှားပြီပဲ တိုက်ကနည်းနည်းနောနောကြီးတာလား..ခြံကြီးကလည်းအကျယ်ကြီးပဲ မီးတွေထွန်းထားတာထိန်ထိန်ကိုသာနေရော..ဒီ့ကောင်အဝတ်အစားတွေကအရမ်းကြီးကောင်းကောင်းကန်းကန်းမဟုတ်တော့သာမာန်အဆင့်လောက်ပဲထင်ထားခဲ့တာ *

"ခေါင်းလောင်းတီးလိုက်ဇော"

"ဘယ်မှာလဲ"

"တံခါးနားမှာပဲ"

"အင်း တွေ့ပြီ"

!ကလင်..ကလင်..ကလင်!

ခေါင်းလောင်းသံလေးရပ်မသွားခင်မှာပဲအထဲကလူငါးယောက်လောက်ထွက်လာတယ်..အကုန်လုံးကအသက်ကြီးကြီးတွေပဲ..

"အကိုလေး ဘာဖြစ်လာတာလဲ"

"အထဲရောက်မှပြောပြမယ်လေ အခုအရင်တံခါးဖွင့်ပေးပါအုံး"

*သူတို့ကြည့်ရတာစောအက္ခရာကိုအတော်လေးစိတ်ပူနေပုံပဲ..နောက်ပြီးအကိုလေးလို့ခေါ်တယ်ဆိုတော့အစေခံတွေပဲဖစ်ရမယ် *

ခြံတံခါးအမဲကြီးတရွေ့ရွေ့ပွင့်ဟလာတာနဲ့သူ့ခြေလှမ်းတွေကလည်းအိမ်ထဲကိုလှမ်းဝင်လာခဲ့တယ်။

"ဇော မှတ်ထားနော် ဒါအစောအိမ်"

"အင်း ငါအထဲထိမဝင်တော့ဘူး"

"အအေးပဲဖြစ်ဖြစ်သောက်သွားပါအုံးလား"

"ဟင့်အင်း ငါအရမ်းနောက်ကျနေပြီ အိမ်မှာလည်းငါ့ကိုမျှော်နေတဲ့သူကရှိနေတယ် ဒါ့ကြောင့်"

*မျှော်နေတဲ့သူ ဇောမှာချစ်သူရည်းစားရှိတာလား *

"ဒါဆိုလည်းဧည့်ခန်းထဲထိတော့လိုက်ပို့ပေးလေ "

"အော် ဘာထူးလဲ အထဲဝင်ရတာပဲ"

"ဟီးးးကူညီပါဇောရာ"

လည်တိုင်ကိုသိုင်းဖက်လာသည်မှာဇောကသိကအောက်ဖြစ်ရသည်။အစောပြောသည့်အတိုင်းဧည့်ခန်းကြီးထဲဝင်ခဲ့တော့ မီးဆိုင်းမီးခတ်တွေနဲ့အလှဆင်ထားပုံကသပ်ရပ်လှပပြီးကျက်သရေရှိလွန်းတယ်။အစောကိုဆိုဖာတွေပေါ်ချပေးလိုက်ပြီးနှုတ်ဆက်ကာပြန်မည်လုပ်တော့ အပေါ်ထပ်ကနေမိန်းမတစ်ယောက်ဆင်းလာတာနှင့်တိုး၏။

<ချစ်သောအက္ခရာ>[Completed]Donde viven las historias. Descúbrelo ahora