Chapter-22

536 32 0
                                    

"ကို..ကိုကို"

ကြောက်စိတ်တွေအရှင်းသားပေါ်လွင်နေတဲ့တုန်တုန်ယင်ယင်အသံလေးက အခန်းထဲကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုတ်နေတဲ့လင်းသစ်ရဲ့နားထဲဖောက်ဝင်လာခဲ့သည်။

နေ့လည်ကအပြစ်ပေးပြီး နှစ်နာရီမျှဒူးထောက်ခိုင်းခဲ့တော့အကောင်ပေါက်လေးကကြောက်စိတ်မပြေသေးပဲအခန်းပေါက်ဝတင်ပေတေရပ်နေလေတယ်။တစ်ချက်မျှလည်ပြန်ကြည့်လိုက်ပြီး မျက်နှာပြန်လွဲကာ အေးစက်စက်လေသံနှင့်စကားစမိ၏။

"ဘာလဲ"

"သားအိပ်တော့မယ်"

"အဲ့ဒါမင်းကိစ္စလေ"

"ဟုတ် အဲ့ဒါ သားကိုကို့ကိုကန်တော့မယ်နော်"

ရပ်နေလက်စအပေါက်ဝလေးကနေလက်အုပ်ချီလိုက်ပြီးကန်တော့ဟန်ပြင်တော့ အထဲကလူကမျက်မှောင်ကြီးကျုံ့လို့..

"မလိုဘူး"

"ဗျာ"

"မကြားဘူးလား မလိုဘူး ထွက်သွား"

"သားညတိုင်းလုပ်နေတဲ့အရာလေ"

"လင်းခတ်သူရိန်..ငါ့ကိုဒေါသဖြစ်အောင်မလုပ်နဲ့ အခုချက်ချင်းထွက်သွား "

". ..."

လှုပ်စိလှုပ်စိနဲ့လင်းခတ်တစ်ယောက်အခန်းရှေ့ကနေထွက်လာခဲ့ရတယ်။မကြာခင်မှာပဲသူ့ရဲ့ကိုယ်ပိုင်အခန်းလေးထဲကိုရောက်လာခဲ့ရပြီး ခေါင်းအုံးကြီးပေါ်မျက်နှာအပ်ကာအသံတိတ်ငိုကြွေးနေခဲ့သည်။

"ဟင့် ရွှတ် ကိုကိုမတရားဘူး အီးးဟင့် ကိုကိုလူဆိုးကြီး"

*ဒီအိမ်ကြီးပေါ်စရောက်ကတည်းက ကိုကိုဆိုတဲ့လူသားကိုသဘောကျခဲ့တယ် တိတ်တစ်ခိုးလေးချစ်နေခဲ့ရပြီးကိုကိုကအော်ငေါက်ရင်မျက်ရည်နဲ့မျက်ခွက်ဖြစ်ရတာလည်းမရေတွက်နိုင်တော့ဘူး တစ်နေ့နေ့တစ်ချိန်ချိန်တော့ကိုကိုကျွန်တော့်အပေါ်သဘောတွေ့လာမယ်လို့ထင်ခဲ့ပေမယ့် ဒီအချိန်အထိတော့ကျွန်တော်ရောက်ချင်တဲ့နေ့တွေကအရိပ်အမြွက်တောင်မတွေ့ရသေးဘူး သေချာတာကတော့ ကျွန်တော်ကိုကို့ကိုချစ်တယ် အဓိပ္ပါယ်ဖော်မရလောက်အောင်ချစ်တယ် ဒါကအမှန်ဆုံးသစ္စာစကားလေးပါ*

<ချစ်သောအက္ခရာ>[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ