Chapter-6

640 32 0
                                    

နောက်တစ်နေ့မနက်..နိုးထလာတဲ့အချိန်ပတ်ဝန်းကျင်ကအရင်နေရာမဟုတ်တော့ဘူး..သူအဖွားအိမ်ကိုရောက်နေခဲ့ပြီ..ပြန်စဥ်းစားကြည့်တော့မနေ့ညနေကပြောင်းလာခဲ့တာပဲ..

"ကျော်ဇော "

"အင်း.."

"အပျင်းထူနေပြန်ပြီ ရိုင်းရိုင်းကမှာသွားတယ် မနက်ရှစ်နာရီဆိုကျူရှင်သွားရမယ်ဆို"

"အေးပါ ငါ့အချိန်ငါသိတယ်စံထိပ်ထား "

"သိတယ်ဆိုရင်ထတော့လေ အချိန်မရှိတော့ဘူး"

"ကျစ် အခုမှခုနစ်နာရီပဲရှိသေးတာကိုဟာ နင်ဘာတွေလာရစ်နေတာလဲ"

မတည့်အတူနေဝမ်းကွဲမောင်နှမနှစ်ယောက်..ငယ်ငယ်ကနှင့်မတူပဲစံထိပ်ထားကအပျိုကြီးပင်ဖြစ်လေပြီ..ဆယ်တန်းကိုရိုးရိုးအောင်ထားခဲ့ပေမယ့်ကျောင်းဆက်မတက်တော့ပဲအလုပ်ဂွင်သာဝင်တဲ့သူမ...

"မင်းထက်ကျော်ဇော နင်အကြီးကိုနော် နင်နဲ့ငါနဲ့ပြောနေတယ်ဟုတ်လား"

"နင်မကြိုက်ဘူးမလား အပြောမခံချင်ရင်လာမရစ်နဲ့လေ "

"ဘာ "

"မမ "

"ဟော တစ်ယောက်ကလာပြန်ပြီ"

ဆံပင်ထိပ်ကိုကြက်တောင်လေးစည်းပြီးသွားအဖြီးသားနဲ့ကောင်လေးကမင်းငြှိုးမာန်နဲ့ထိပ်ထားဦးတို့ရဲ့သားငယ်လေးမင်းသက်တံ့..

"ကိုကို ဖွားဖွားကဆင်းခဲ့တော့တဲ့ မုန့်စားမယ်တဲ့"

"ငါသိပါတယ် ဒီမှာမင်းအမကလာရစ်နေလို့"

"သူကပဲပြောရတယ်ရှိသေး နိုးနေရက်နဲ့အပျင်းထူနေတာဘယ်သူလဲ"

"ခစ်ခစ် တော်ကြပါတော့ အဖွားကပြောလိုက်သေးတယ် နှစ်ယောက်လုံးအခုချက်ချင်းဆင်းမလာရင်ကြက်မွှေးစာမိမယ်တဲ့..ဟွန်း သားတော့ဆင်းပြီ"

"ဟင်း ကြားတယ်နော်ကျော်ဇော အခုချက်ချင်းဆင်းခဲ့"

"ငါ့အလုပ်ငါသိတယ် လျှာမရှည်နဲ့"

"ယောက်ျားကြီးတန်မဲ့ဆူပုတ်နေလိုက်တာ ဟွန်း"

ဒီလိုနဲ့ပဲသာယာလှတဲ့နံနက်ခင်းကိုမောင်နှမနှစ်ယောက်ရဲ့ဆူဆူညံညံအသံတွေနှင့်ပင်ကြိုဆိုလိုက်ရသည်။

<ချစ်သောအက္ခရာ>[Completed]Donde viven las historias. Descúbrelo ahora