Chapter-23

510 31 0
                                    

ဝါထိန်ထိန်နှင်းဆီဝါပန်းစည်းကြီးပိုက်ကာဖြင့်လူတစ်ယောက်..အထက်တန်းကျောင်းကြီးရဲ့ရှေ့တစ်စုံတစ်ယောက်ကိုရပ်စောင့်နေခဲ့တယ်။လက်တစ်ဖက်ကပန်းစည်းကြီးကိုပိုက်ရင်း တစ်ဖက်ကလည်းအအေးနှစ်ဘူးနှင့်..

"ကျစ် မလွှတ်သေးဘူးလားကွာ ကျော်တောင်ကျော်နေပြီကို"

လက်ပေါ်ရှိနေတဲ့လက်ပတ်နာရီလေးကိုတစ်ချက်မျှစောင်းငဲ့ကြည့်ကာလေပူတို့ကိုမှုတ်ထုတ်လိုက်သေးရဲ့..

!တောင်..တောင်..တောင်.တောင်!

ကျောင်းခေါင်းလောင်းထိုးသံနဲ့အတူဝေါခနဲပြေးထွက်လာတဲ့ကျောင်းသူကျောင်းသားတွေကြားပန်းစည်းကိုမထိခိုက်လေအောင်သူမနည်းထိန်းယူနေရသည်။

"ဟေ့ ဖြည်းဖြည်းသွားလေကွ ထိကုန်ပြီ"

လက်ထဲပိုက်ထားတဲ့နှင်းဆီပန်းစည်းကြီးအလှပျက်သွားမည်စိုး၍အနားရှိကျောင်းသားများကိုရန်လုပ်နေတဲ့မင်းထက်ကျော်ဇောဆိုတဲ့လူဆိုးကောင်လေး..

"မဆိုးပါဘူး အချိန်မှန်သားပဲ"

"အာ ကြာလိုက်တာကွာ ​စောစောထွက်လာရောပေါ့"

"ဒီမှာလင်းခတ်ကိုတွဲနေရသေးတယ်"

"ဘာလဲ သူကဘာဖြစ်တာလဲ"

မျက်စောင်းကြီးတစ်ထိုးထိုးနဲ့နေမကောင်းနေတဲ့သူအားစူးစိုက်ကြည့်နေတော့အစောသက်ပျင်းချလိုက်ရပါတယ်။

"နေမကောင်းဘူး ဖျားနေတယ်"

"ဟာ အက္ခရာ မင်းပါကူးနေမယ်"

"ကျစ် အဲ့ဒါအရေးလား ကလေးကလမ်းတောင်မလျှောက်နိုင်ဘူး ကူတွဲအုံး"

"ဘာလို့တွဲရမှာလဲ "

"မင်းထက်ကျော်ဇော.."

မျက်နှာခပ်တင်းတင်းနဲ့ဟောက်ပါမှပဲထိုလူကလင်းခတ်ကိုယ်လေးကိုကူတွဲလာတော့တယ်။

"အင့် နာ နာတယ်"

"ဟုတ်တယ် ကျောကိုသိပ်မထိနဲ့ဇော သူ့အကိုရိုက်ထားလို့"

"အင်း "

"ကဲပါ မင်းလက်ထဲကပန်းစည်းကြီးပေး "

"ရော့ "

"ဟူးး ကျောင်းလာကြိုတာကိုမသိရင်ငါလေယာဥ်ကွင်းကပြန်လာသလိုပဲ ရှေ့ကသွား"

<ချစ်သောအက္ခရာ>[Completed]Donde viven las historias. Descúbrelo ahora