Chapter-28

495 22 0
                                    

လင်းခတ်အိမ်ပြန်ရောက်တော့ပုံမှန်လိုပဲကိုယ့်အခန်းထဲကိုယ်ပြေးဝင်ဖို့လုပ်လိုက်တယ်။သို့ပေမယ့် ရပ်တန့်ခံလိုက်ရတဲ့သူ့ခြေလှမ်းတွေ...

"အ့"

မြေပြင်နဲ့ခြေထောက်မထိတော့ပဲသူ့တစ်ကိုယ်လုံးလူတစ်ယောက်ရဲ့ပုခုံးပေါ်မချီခြင်းကိုခံလိုက်ရတယ်။

"ကို..ကိုကို ဘာလုပ်တာလဲ အောက်ချပေးပါ"

*ကိုကိုဘာဖြစ်နေတာလဲ ဘာလို့ငါ့ကိုဒီလိုတွေပွေ့ချီနေရတာလဲ..ထူးဆန်းနေတယ်..နောက်ပြီးကိုကို့ခန္ဓာကိုယ်ကပူနေသလိုပဲ ချွေးတွေရော...ကိုကိုနေများမကောင်းဘူးလား*

!ဘုတ်!

"အ့ "

အတွေးမဆုံးခင်မှာတင်သူ့တစ်ကိုယ်လုံးပျော့အိအိမွေ့ယာကြီးပေါ်ပစ်တင်ခံလိုက်ရပါ၏။မျက်လုံးလေးပြူးပြီးလင်းသစ်ကိုကြည့်မိတော့တစ်ခုခုကိုဆုံးဖြတ်ရခတ်နေသည့်ပုံ..

"ကိုကို သားကိုစိတ်ဆိုးနေတာလား "

ဒီလိုမေးတော့လည်းလင်းသစ်ဘက်ကပြန်ဖြေသံမကြားရ...

"သားအဆင်ပြေပါတယ် နေလည်းကောင်းသွားပြီ နောက်ပြီး တောင်းပန်ပါတယ်နော်ကိုကို သားကိုကို့ကိုလှည့်စားပြီးအိမ်ပြင်ထွက်မိတယ် သားကိုကြိုက်တဲ့အပြစ်ပေးပါ နော်ကိုကို"

ဘုမသိဘမသိနဲ့ကောင်လေးကသူ့ရှေ့မှာကျုံ့ကျုံ့လေးထိုင်ရင်းမျက်လုံးလေးပေကလပ်ပေကလပ်နှင့်ပြောရှာသည်။လင်းသစ်လက်သီးကိုတင်းတင်းဆုပ်ထားမိလိုက်တယ်။နားထင်ကချွေးသီးတွေကိုပွတ်သပ်လိုက်ပြီး အခန်းထဲကထွက်မည်ပြုလိုက်ပြီးမှ တစ်ဖန်ပြန်လှည့်လာပြန်၏။

"ကိုကို ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"

ရုတ်ချည်းဆိုသလိုလက်သေးသေးလေးတစ်ဖက်ကသူ့နှာဖူးပေါ်ရောက်လာတယ်။ကလေးငယ်ရဲ့ဝင်လေထွက်လေလေးတွေကကျီစယ်နေတော့ထိန်းချုပ်ထားတဲ့သူ့ရဲ့စိတ်တွေလွတ်ထွက်သွားခဲ့သည်။

"အင့်.."

နှဖူးထက်နေရာယူထားတဲ့လက်ကလေးကိုဆွဲကိုင်လိုက်တော့ကောင်လေးကဘာများလဲဆိုသည့်အကြည့်နှင့်..

<ချစ်သောအက္ခရာ>[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ