Chapter-29

470 21 0
                                    

တစ်တူတူမြည်နေတဲ့ဖုန်းသံလေးကိုကြားနေးပေမယ့်လည်းလျစ်လျူရှုထားလိုက်သည်။နှစ်သိမ့်မှုလိုအပ်နေတဲ့နှလုံးသားတစ်စုံကြောင့်မျက်ဝန်းတွေကပါအလိုက်သင့်မှိုင်းညို့နေရင်း ငွေရောင်လမင်းရဲ့အောက်လှပနေတဲ့သူမ(မြစ်)ကိုသာတဆုံးငေးကြည့်နေမိပြန်တယ်။

"ကောင်လေး"

အဖိုးအိုရဲ့အသံကနားထဲတိုးဝင်လာပေမယ့်သု့အတွက်ကအထူးအဆန်းဟုတ်မနေတော့ပေ..

"စိတ်မချမ်းမသာဖြစ်နေတာလား"

"ကျွန်တော်ကြောက်တယ်"

"ကြောက်တယ် ကောင်လေးကကြောက်တယ်တဲ့လား ဘယ်အရာကများမင်းကိုခြောက်လန့်နေတာလဲ"

အဖိုးအိုရဲ့စကားကြောင့်နာကျင်နေလျက်နဲ့ပဲပြုံးမိပြန်သည်။

"သူ "

"သူ"

"သူထားခဲ့မှာကြောက်တယ် ကျွန်တော့်ကိုထားခဲ့ပြီးအခြားတစ်ရောက်ရဲ့နှလုံးသားမှာသူ့စိတ်တွေခြေချသွားမှာကြောက်တယ်"

တွန့်ချိုးထားသောမျက်ခုံးတန်းကြီးမှာဝဲတက်လာသောမျက်ရည်စတွေကိုပိတ်ပင်တားဆီးရန်သာဖြစ်ရသည်။

"လွန်ခဲ့တဲ့ရှစ်နှစ်တုန်းကလိုသူထပ်ပြီးထားခဲ့မှာကိုကြောက်နေမိတယ် ပျော့ညံ့တယ်လို့ပဲပြောပြော ကျွန်တော်ကြောက်လန့်နေခဲ့တယ် "

"သင်္ဘောဆိပ်မှာဖြစ်ခဲ့တာတွေအဖိုးမြင်ခဲ့ပါတယ် သူကကောင်လေးရဲ့စိတ်ကိုစမ်းသပ်ရုံပါ ဘာဖြစ်လို့အဆုံးထိခံစားနေရတာလဲ"

"သူနဲ့ပတ်သက်ရင် ဘယ်အရာကိုမှအထိအခိုက်မခံနိုင်တာကျွန်တော့်အားနည်းချက်ပဲ ဒီအရာကိုသူကဖိနင်းရင်ရင်ဘတ်တစ်ခုလုံးမွှန်းကျပ်ပြီးနာကျင်ရတယ် "

လေတစ်ချက်အဝှေ့မှာကမ်းစပ်ကိုမြစ်ရေတွေကရိုက်ခတ်လာပြန်တယ်..ဘေးနားမှာအခိုးအငွေ့လိုရှိးနေတဲ့အဖိုးအိုကပြုံးပြုံးကြီးသူ့ကိုကြည့်နေဆဲ..

"သူမျှော်နေတယ်"

"ဘာလဲ"

"ကောင်လေးဖုန်းကိုင်ပြီးစိတ်မပူဖို့ပြောမှာကိုလေ"

<ချစ်သောအက္ခရာ>[Completed]Where stories live. Discover now