"အဖိုး..အဖိုး"
"သား မင်းထက်ကျော်ဇော "
"အင့်"
လေးလံနေတဲ့မျက်ခွံတွေကိုဖွင့်ဟလိုက်တော့မြင်လိုက်ရတာကသနပ်ခါးပါးကွက်ကြားနဲ့သူ့ရဲ့ဖခင်..
"ဖေ..ဖေရိုင်း"
"ဘာဖြစ်တာလဲသား အိပ်မက်ဆိုးတွေမက်လို့လား"
"မဟုတ်ဘူး သား ထူးဆန်းတာတွေမက်လို့"
မောဟိုက်နေတဲ့ရင်အစုံကြောင့်သူ့အသံတွေကတုန်ယင်နေတယ်။ဒါကိုမြင်နေရတဲ့အရိုင်းတစ်ယောက်စိတ်ပူသွားရပြီးလိုရမယ်ရရေတစ်ခွက်ထိုးပေးလိုက်သည်။
"သောက်လိုက်"
"အွန့်...ဟားး "
"ဘာတွေများမက်လို့လဲသား"
"ဟင်း အိပ်မက်ထဲမှာအဖိုးအိုတစ်ယောက်နဲ့တွေ့တယ် ထူးဆန်းတဲ့စကားတွေလည်းပြောသွားတယ်ဖေရိုင်း နောက်ပြီးသူကပြောသေးတယ် ဒီရက်တွေထဲမှာသားသူငယ်ချင်းထဲကတစ်ယောက်ယောက် မဟုတ်ရင်သားမိသားစုထဲကတစ်ယောက်ယောက်နာမကျန်းဖြစ်နိုင်တယ်တဲ့ ဂရုစိုက်ပေးလိုက်ပါတဲ့"
"ငါ့သားနှယ် အိပ်မက်လေးမက်တာကိုအစွဲထားနေရသလား "
"ဖေရိုင်းမသိပါဘူး အဲ့ဒီ့အဖိုးကိုသားဟိုတစ်ခါညဘက်ကြီးဗိုလ်တစ်ထောင်ကမ်းသွားတုန်းကတွေ့ခဲ့ရသေးတယ်"
"ဟင်"
"ဟုတ်တယ်ဖေရိုင်း အဲ့ဒီ့ပုဂ္ဂိုလ်ကဘယ်သူဘယ်ဝါမှန်းလည်းမသိဘူး သူ့ကိုမေးကြည့်တော့လည်းအခိုးအငွေ့တစ်ခုလို့ပဲဖြေတယ်"
"ဘုရားတွေကျောင်းတွေဆိုတာအစောင့်အရှောက်ရှိစမြဲပဲသားရဲ့ သားကိုစောင့်ရှောက်တဲ့တစ်ခုခုဖြစ်ရင်ဖြစ်နေမှာပေါ့"
"အဲ့ဒါတော့သားလည်းသိပါတယ် တွေ့တိုင်းလည်းထူးဆန်းတာတွေပဲပြောနေတယ် "
"ဟက် သားလေးကအနှောင့်အယှက်တစ်ခုလို့ခံစားနေရလို့လား"
". ..."
"သူ့ကိုရည်စူးပြီးအလှူလေးဖြစ်ဖြစ်လုပ်ပေးလိုက်ပေါ့"
"ဟင်းးမသိတော့ပါဘူးဖေရိုင်းရာ ဒါနဲ့အခုဘယ်နှစ်နာရီလဲ"
BẠN ĐANG ĐỌC
<ချစ်သောအက္ခရာ>[Completed]
Lãng mạn{စောအက္ခရာ...မင်းကလူသားတစ်ယောက်မဟုတ်ဘူး။ မင်းက..တိတ်ဆိတ်နေတဲ့ငါ့ဘဝထဲရုတ်တရပ်တိုးဝင်လာတဲ့သံစဥ်လှလှလေးတစ်ခုပဲ..} Start Date:5.7.2022