Chapter-24

502 25 0
                                    

တကျီကျီအော်နေတဲ့ညပိုးကောင်လေးတွေရဲ့အသံက အခန်းထဲ ဝါကျင်ကျင်မီးရောင်အောက်စာအုပ်ဖတ်နေတဲ့လူသားလေးရဲ့စိတ်အာရုံကိုပြုစားနေခဲ့သည်။သာမန်လိုညမျိုးမှာတောင်ပြတင်းတံခါးကြီးဆီကနေအပြင်ဘက်ကိုငေးကြည့်ရင်း ကြယ်တွေစုံညီနေတဲ့ကောင်းကင်ကြီးကိုနှစ်သက်မိတဲ့သူ့အဖို့ ဒီညကတော့ဖြင့် အတော်လေးနှစ်သက်စရာကောင်းနေခဲ့သည်။
အကြောင်းက လမင်းကြီးမှာပြည့်ပြည့်ဝန်းဝန်းနှင့်ထိန်ထိန်သာနေခြင်းကြောင့်သာ..

"ဟား မျက်စိညောင်းလာပြီ"

ဖတ်လက်စဖြစ်တဲ့ကဗျာစာအုပ်လေးကိုပိတ်ချလိုက်ရင်း ထုံးစံအတိုင်းပြတင်းတံခါးကြီးရဲ့အပြင်ဘက်ဆီငေးမောကြည့်နေမိတယ်။

!မဟုတ်မှလွဲရောအက္ခရာ မင်းမှာချစ်ရမယ့်လူရှိနေပြီလား!

!ဒါ့ကြောင့်သူရှိနေရင်ကိုယ့်ကိုလျစ်လျူရှုတာပေါ့ဟုတ်လား!

!ကိုယ့်မှာကြိုးစားခွင့်တောင်မရှိတော့ဘူးလားကွာ!

!ကျေးဇူးပါနော်အက္ခရာ မင်းကိုယ့်ကိုပြန်လက်ခံလာဖို့ကိုယ်ကြိုးစားပါ့မယ်!

အတွေးထဲတိုးဝင်လာတဲ့စကားသံတစ်ချို့ကြောင့်သူ့နှလုံးသားလေးလှုပ်ခွာသွားရတယ်။အပြုံးလှလှလေးကိုပန်ဆင်ရင်း..အသံထွက်အောင်ရီလိုက်မိသည်အထိ..

"ဟက် "

သတိရလို့ပြန်တွေးကြည့်မှ ပန်းစည်းထဲပါလာတဲ့စာတိုလေးကိုစဥ်းစားမိပြီး ပြေးယူကာ ပြတင်းတံခါးအနားကိုပဲပြန်လာခဲ့တယ်။ရွှေရောင်လမင်းရဲ့အလင်းရောင်ခပ်မှိန်မှိန်အောက်မှာ ဝိုင်းစက်စက်လက်ရေးလေးတွေ..

<ကိုယ့်အက္ခရာကအဝါရောင်တွေကြိုက်တက်တယ်ဆိုတာသိလို့ကိုယ်ဒီနှင်းဆီဝါပန်းစည်းကြီးကိုကိုယ့်အက္ခရာဆီပေးဖြစ်တာပါ သိလားအက္ခရာ ဒီပန်းစည်းကြီးစည်းတုန်းက ကိုယ်ဆူးတွေဖယ်ရင်းလက်တွေပေါက်တာမနည်းဘူး ဒါပေမယ့် ကိုယ့်အက္ခရာလေးသဘောကျစေဖို့အတွက်ကိုယ်ရအောင်ကြိုးစားခဲ့တယ်...ဘယ်လိုလဲအက္ခရာ ဝေးကွာခဲ့တဲ့နေ့တွေမှာ ကိုယ်အတော်ပြောင်းလဲသွားတာပဲလို့မင်းလေးထင်ကောင်းထင်နေမှာပေါ့ ဟဟ ဒါပေါ့ ကိုယ်ပြောင်းလဲခဲ့တယ် မတွေ့ခဲ့ရတဲ့ရက်တွေမှာ အနားမှာမင်းလေးမရှိခဲ့တော့ကိုယ်ဘယ်လောက်ထိအင်အားမဲ့သွားခဲ့လဲသိလား အသက်ရှင်ချင်စိတ်တောင်မရှိခဲ့ရိုးအမှန်ပါကွာ ကိုယ်လိုက်ရှာခဲ့ပေမယ့် ဘာအစအနမှမရတဲ့အတွက်လက်လျှော့ခဲ့ရတယ်..ဒါပေမယ့် ကိုယ်နဲ့တွေ့နေကျအဖိုးအိုက မင်းလေးကိုယ့်ဆီပြန်လာမှာသေချာတယ်ဆိုလို့ ကိုယ်အခုထိစောင့်နေခဲ့တာပါ ဒါ့ကြောင့်ပဲကိုယ်ဒီလောက်ထိမင်းအပေါ်သည်းသည်းလှုပ်ပြနေရတာ ပေါတယ်လို့တော့မထင်စေချင်ဘူး မင်းလေးရဲ့တန်ဖိုးကိုမင်းမရှိတဲ့အချိန်မှာကိုယ်နားလည်သွားတာကြောင့် လက်မလွှတ်ချင်လို့ ကိုယ်ခရီးအဆုံးထိမင်းကိုလိုက်ပိုးမှာ ဒီ့အတွက်အနားကနေနှင်မလွှတ်ဖို့တောင်းဆိုပါရစေနော် ကိုယ့်ကိုကြိုးစားခွင့်ပြုပါနော် ယုံကြည်ပေးပါ ဒီတစ်ခါပဲယုံကြည်ပေးပါ...အဝါရောင်တွေချစ်တဲ့အဝါရောင်လူသားကိုယ့်အက္ခရာလေး...>

&lt;ချစ်သောအက္ခရာ&gt;[Completed]Wo Geschichten leben. Entdecke jetzt