Chapter-34<Final>

1.5K 37 3
                                    

"ဆရာ"

အနောက်ဘက်ကနေအသံပိစိလေးကြားလိုက်တော့ဇောလည်ပြန်ကြည့်လိုက်မိတယ်။ကောင်လေးနှစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ရယ်လူတစ်ယောက်ရယ်သူ့ကိုပြူးကြည့်နေလေရဲ့...သေချာကြည့်တော့မှလင်းခတ်ဆိုတဲ့ကောင်လေးတို့အုပ်စုမှန်းဇောသတိထားမိသွားရတယ်။

"လာကြလေ"

"ဟုတ်ကဲ့.."

သူ့အပြောကိုခေါင်းငြိမ့်ရင်းကလေးသုံးယောက်ကကုတင်ဘေးဝင်ထိုင်၏။စကားတော့ပြောမလာသေး...

"ကိုစောအက္ခရာအခြေအနေဘယ်လိုဖြစ်သွားပြီလဲဗျ"

"ခင်ဗျားက..."

"ကျုပ်လင်းခတ်ရဲ့အကိုပါ"

"အော် မှတ်မိပါတယ် နာမည်မေ့နေလို့"

"အင်း"

"အခြေအနေကတော့ကောင်းသွားပြီလို့ပြောလို့ရတယ်..သတိတော့လည်မလာသေးဘူး ဆရာဝန်တွေတော့လာလာစစ်နေကြတာပဲ"

ဇောလက်တွေကအစောလက်ကလေးတွေရဲ့ထိပ်မှာရှိနေတဲ့အပ်ပေါက်ရာလေးတွေကိုတို့ထိပွတ်သပ်နေခဲ့သည်။ဒါကိုမြင်တဲ့လင်းသစ်ကပြုံးလိုက်ပြီး..

"သိပ်လည်းစိုးရိမ်မနေပါနဲ့ ပြန်ကောင်းလာမှာပါ "

"ကျေးဇူးတင်ပါတယ်"

"ကိုကြီး ဆရာကဘာဖြစ်တာတဲ့လဲဟင် "

တစ်ဦးတည်းပါလာတဲ့ကောင်မလေးတစ်ယောက်ကစမေးတော့ဇောအေးအေးသက်သာပဲပြန်ဖြေလိုက်တယ်။

"ခေါင်းမှာအကျိတ်ပေါက်တာ.."

"အော်"

"အစိုင်အခဲကသေးတော့ဖယ်ထုတ်လို့ရသွားတယ်.."

"ဆရာပင်ပန်းနေမှာပဲ"

"သတိလစ်နေတာကြာပြီလားဗျ"

ဒီတစ်ခါတော့လင်းခတ်ကမေးနေတာ..

"အင်း ကြာပြီပေါ့"

"ဟူးးးမြန်မြန်နိုးလာရင်ကောင်းမှာကို.."

"ကိုယ်လည်းဒီလိုပဲဆုတောင်းနေခဲ့တာပါ"

ထိုအခိုက်ဇောလက်ချောင်းလေးတွေတင်းခနဲဖြစ်သွားတာကိုသတိထားလိုက်မိပြီးအစောလက်တွေကတလှုပ်လှုပ်ဖြစ်လာနေတယ်။

&lt;ချစ်သောအက္ခရာ&gt;[Completed]Onde histórias criam vida. Descubra agora