Chapter-30

559 23 0
                                    

မြတ်နိုးခွင့်...
မျက်စိရှေ့ကအဝါရောင်နှင်းဆီပန်းခင်းလေးကိုသူ့မှာမြတ်နိုးခွင့်မှရှိပါလေစ..

ဇောသည်အစောပျောက်ကွယ်သွားသည့်နေ့မှစ ခြံဝန်းသေးသေးလေးထဲဘဝကိုမြှုပ်နှံပစ်လိုက်သည်။အဝါရောင်တွေကိုမြတ်နိုးသည့်အဝါရောင်လူသားလေးအတွက်အဝါရောင်နှင်းဆီပန်းခင်းကြီးအားနေ့မနားညမနားပျိုးခဲ့ရှာသည်။အပွင့်ကြီးတွေအာပြီးမာန်ပါပါပွင့်နေပုံအရဇောမည်မျှလောက်ပင်ပန်းခဲ့ရမည်နည်း..

အတိတ်ကိုနာကျင်စရာလို့ပဲတေးမှတ်ထားတဲ့သူ့နှလုံးသားကထိုလူသားရဲ့မြတ်နိုးတွယ်တာမှုတွေကိုမမြင်နိုင်အောင်ကာဆီးခဲ့သည်ထင်သည်။ကျလုဆဲဆဲမျက်ရည်စကလေးများကိုလက်ကိုင်ပုဝါလေးဖြင့်ဖိသုတ်နေရင်းဝါထိန်ထိန်နှင်းဆီတို့ဆီလက်လှမ်းလိုက်သည်။နူးညံ့ချောမွတ်နေသည့်ပွင့်ဖက်တို့ကြောင့်နှုတ်ခမ်းထောင့်တို့ကော့တက်လာမိကာထိုပန်းလေးအားနမ်းရှိုက်လိုက်မိသည်။

နူးညံ့တယ်၊လှပတယ်၊မွှေးကြူတယ်၊ထည်ဝါတယ်၊ယဥ်လွန်းတယ်။

"ကိုယ့်အက္ခရာ"

အမြဲလိုလိုတောင့်တမိနေတဲ့ခေါ်သံတစ်ခုရဲ့အဆုံးမှာစိတ်တွေကပုံမှန်အချိန်ကိုပြန်ရောက်လာခဲ့တယ်။

"ဗိုက် သက်သာသွားပြီလား"

"အင်း ငရုတ်သီးတွေစားတာများသွားလို့ဖြစ်မယ်"

"အော်"

"ဒါနဲ့ ပန်းတွေလှတယ်မလား"

ဂုဏ်ယူဝင့်ကြွားလိုဖွယ်ပြောလာသည့်အမေးအားအစောငြင်းမဆိုရက်ပေ..ခေါင်းလေးအသာငြိမ့်ရင်းပန်းလေးကိုသာထပ်ပြီးနမ်းရှိုက်မိပြန်တယ်..

"ပန်းတွေကို ဘယ်သူ့အတွက် ဒီလောက်ထိဂရုတစိုက်ပျိုးထားရတာလဲ"

"ဟဟ"

ဇောရယ်တယ်။မှင်သေသေနဲ့ကြည့်လာတဲ့လူကြောင့်ရယ်သံတို့ကိုဖြတ်တောက်ပစ်လိုက်ပြီးပြုံးပြလိုက်၏။

"အဖြေသိနေပြီးသားမေးခွန်းကြီးကိုမေးနေတာ ပျင်းစရာမကောင်းဘူးလား"

"တစ်ကယ်မသိလို့မေးနေတာပဲ "

သိနှင့်နေပြီးသားပေမယ့် ဒီလူရဲ့နှုတ်ကနေ ဖွင့်ဟဝန်ခံလာသည်ကိုသာစောင့်မျှော်ချင်မိသည်။

<ချစ်သောအက္ခရာ>[Completed]Where stories live. Discover now