Chapter-32

507 25 0
                                    

"ဇော "

"အင်း"

"ငါတို့ရှေ့ဆက်တိုးဖို့သေချာသွားပြီလားဟင်"

"ကိုယ်တို့ပေါင်းဖက်ဖို့လား"

"ဟုတ်တယ် "

"ပြောစရာလိုသေးလို့လား ကိုယ်တို့နှစ်ယောက်လုံးတစ်ယောက်ကိုတစ်ယောက်ချစ်နေကြတာသိပြီးကြပြီပဲ"

"အင်း ဒါဆို ငါတို့ချစ်သူတွေဖြစ်သွားကြပြီပေါ့"

အိမ်ပြန်လမ်းဟာမှောင်မိုက်နေဆဲ....နွေးတေးတေးလက်ကလေးတစ်ဖက်ကိုဆုပ်ကိုင်ထားရင်းကဇောသက်ပျင်းအရှည်ကြီးချပစ်လိုက်တော့တယ်။

"အမှန်အတိုင်းဝန်ခံရရင် ချစ်သူရည်းစားဆိုတဲ့အဆင့်ကိုတောင်ကျော်ပစ်လိုက်ချင်နေခဲ့တာ ကိုယ်မင်းကိုတရားဝင်ပိုင်ဆိုင်ချင်နေပြီလေ "

"ဒါပေမယ့်..."

"မင်းငြင်းမှာကိုယ်သိပါတယ် မင်းမှာလည်းမင်းအခက်အခဲနဲ့မင်းရှိနေမှာပေါ့ ဟုတ်တယ်မလား"

"မဟုတ်ပါဘူး ငါပြောချင်တာကမိဘတွေကိုတိုင်ပင်ရအုံးမယ်လို့"

"ဟင် "

"မင်းကအရမ်းတွေလက်ထက်ချင်နေပြီမလား ငါ..ငါလည်း အတူတူ ပဲလေ ဒါပေမယ့် မိဘတွေသဘောကရှိသေးတယ် "

*ခင်ဗျားတို့သိလား စောအက္ခရာကတစ်ကယ့်ကိုချစ်စရာအကောင်ပေါက်လေး..အခုကြည့်နှုတ်ခမ်းတထော်ထော်နဲ့ပြောနေတာ..မင်းထက်ကျော်ဇောကိုဘာထင်နေတာလဲ*

"ဒါဖြင့်မင်းကကိုယ်နဲ့လက်ထက်ချင်နေပြီပေါ့ အဲ့ဒီ့သဘောပေါ့"

ဒီလိုပြောတော့အစောတစ်ယောက်ခေါင်းငြိမ့်ပြတယ်။

"ဟား ကိုယ်အားရှိသွားပြီ"

"မေမေကတော့စောလွန်းတယ်လို့ပြောမှာသေချာတယ်"

"ဖေရိုင်းတို့ကတော့ကိုယ့်သဘောပဲပြောမှာ ဟက် အန်တီ့ကိုကိုယ့်တာဝန်ထားပါ မင်းစိတ်ပူမနေနဲ့ ကြားလား"

"ဟင်းးးးး"

"ဘာကိုသက်ပျင်းချတာလဲ"

"မင်းအသည်းအသန်တွေဖြစ်နေတာကိုကြည့်ပြီးမောလို့ ဟွန့်"

<ချစ်သောအက္ခရာ>[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ