Chapter-21

559 35 0
                                    

"မေမေ "

"အော် သားငယ် ကျူရှင်သင်တော့မှာလား"

"ခဏနေမှပါ မေမေ့ကိုပြောစရာရှိလို့"

"စကားပလ္လင်ခံနေရသေးတယ်လို့  ပြောပြော"

"သားလေ ဒီနေ့ဇောနဲ့တွေ့ခဲ့တယ်"

"ဇောလေးလား မင်းထက်ကျော်ဇောလေ"

"ဟုတ်တယ်မေမေ "

"မေမေလည်းတွေ့ချင်လိုက်တာ သားဇောကဘယ်လိုပုံစံဖြစ်သွားပြီလဲ"

"ဟွန့် သူကသားထက်တောင်ပိုချောပိုခန့်နေတာ လူကောင်ကြီးကလည်း သားကသူ့ကိုမော့ကြည့်ရတယ်"

"သားကမနာလိုဖြစ်နေတာလား"

"ဒါပေါ့ သားကသေးသေးပုပုလေး သူကတော့ ဘာတွေစားပြီးဒီလောက်ထွားနေလဲမသိဘူး"

"ဟင်းဟင်း ဇောလေးကအရင်ကလည်းထွားတာပဲလေ သားဒီကိုပြန်လာကတည်းကပြန်တွေ့ကြမယ်ဆိုတာမေမေသိပြီးသားပါ ဒီလောက်မြန်မယ်လို့တော့မထင်ထားဘူး"

"သားရောပဲ "

"အင်း အော် ဒါနဲ့ ကလေးမလေးရောနေကောင်းတယ်တဲ့လား ကလေးလေးရောဘယ်အရွယ်ရောက်ပြီလဲ"

အစောမျက်နှာငယ်လေးနဲ့ဒေါ်ဟန်နီကိုကြည့်လာခဲ့သည်။

"ဆုံးသွားပြီမေမေ"

"ဘုရား ဘယ်လိုဖြစ်တာလဲ"

"သားတို့ထွက်သွားတဲ့နေ့ကပဲသူ့ကိုယ်သူသက်သေသွားတာ ကလေးလည်းတစ်ပါတည်းပဲလေ"

"ဟောတော်...သနားပါတယ်ကွယ်"

"အမှန်ဆိုရင်သားပယောဂမကင်းဘူးမေမေ သားက...သားကဇောကိုသဘောကျနေမှန်းသိတော့ သူကနောက်ဆုတ်လိုက်တာ "

ပြောရင်းအစောမျက်ရည်လေးတွေဝဲလာတယ်။

"သားငယ်ကလည်း မဆိုင်ပါဘူး"

"သူကတော့သားအတွက်နဲ့နောက်ဆုတ်ပေးတာ သားက ဟင့် သူ့ဈာပနမှာတောင်ရှိမပေးနိုင်လိုက်ဘူး သားအရမ်းဆိုးတာပဲ"

"ဒါများသားရယ် စိတ်မကောင်းဖြစ်မနေပါနဲ့ သားဇောကိုပြောပြီး ကလေးမရှိတဲ့နေရာလိုက်ပို့ခိုင်းပေါ့"

"မပြောပါဘူး"

"ဟော"

"အဲ့ဒီ့ကောင်ကိုသားမျက်နှာသာမပေးတော့ဘူး သားသူ့ကိုမုန်းတယ်"

<ချစ်သောအက္ခရာ>[Completed]Onde histórias criam vida. Descubra agora