Chapter-10

629 29 0
                                    

"သား မင်းအဖေကိုသွားကြည့်ရအောင် "

"သား သားမလိုက်ချင်ဘူး"

"တစ်ကယ်မလိုက်ချင်ဘူးလား"

"သားအပြင်မှာပဲစောင့်နေမယ်"

"ကောင်းပြီလေ သားသဘောပဲ"

သူ့ကိုပြောပြီးတာနဲ့အရိုင်းကထွက်သွားတယ်။စိတ်ထဲမှာတော့ပြေးတွေ့လိုက်ချင်ပေမယ့်ဒီလောက်ထိလည်းမပျော့ညံ့ချင်..

*ဒီရက်တွေထဲမိသားစုထဲဖြစ်ဖြစ် သူငယ်ချင်းထဲကဖြစ်ဖြစ်နာမကျန်းဖြစ်လိမ့်မယ်ဆိုတာ ဒါကိုပြောတာလား ငါဘာလုပ်သင့်လဲ*

"သွားကြည့်လိုက်ရမလား "

စိတ်ကတွေးတုန်းရှိသေး ခြေလှမ်းတွေကရွေ့လျားနေခဲ့ပြီ။

"သားဘာဖြစ်သွားလဲမောင့်အရိုင်း"

"သားကမောင်ဒီလိုဖြစ်သွားတော့လန့်သွားတာပေါ့ အဲ့ဒါကလွဲရင်ဘာမှမဖြစ်ပါဘူး"

"ဒါဖြင့်ဘာလို့မောင့်ကိုလာမတွေ့တာလဲ"

"အဲ့ဒါကတော့သားသဘောလေ ဒါပေမယ့်မောင်ပိုးထိတဲ့အချိန်မှာသားတစ်ကယ်ပြာယာခတ်နေခဲ့တာပါ"

လူနာဆောင်လေးထဲဖခင်နှစ်ယောက်ပြောနေတဲ့စကားတွေကိုသူကောင်းကောင်းကြီးကြားနေရတယ်။

"ဟက် မောင့်သားကတော်တော်လည်းအတေးအမှတ်ကြီးတဲ့ကလေးပဲ ဒီပုံအတိုင်းဆိုမောင်သေရင်တောင်သားနဲ့ပြေလည်ပါ့မလား"

ပြုံးရီကာပြောနေပါသော်ငြားသူ့အသံကဝမ်းနည်းပူဆွေးနေမှန်းသိပ်သိသာတယ်။ဘေးကအရိုင်းကနှစ်သိမ့်ပေးတဲ့သဘောနဲ့လက်တွေကိုဆုပ်ကိုင်တော့အားရပါးရကိုသူရီမောနေလိုက်သည်။

"မောင်မှတ်မိလား သားလေးကိုလမ်းဘေးမှာတွေ့ခဲ့ရတဲ့အချိန်ကိုလေ"

"ဘယ်လိုပြောလိုက်တာလဲမောင့်အရိုင်းရယ် မှတ်မိတာပေါ့ အဲ့ဒီ့နေ့ကမှတ်မှတ်ရရပဲမောင်ကံကောင်းလို့မသေတာလေ "

"အင်း သားလေးကိုကားတိုက်မလိုဖြစ်တော့မောင်ပြေးဝင်ပြီးတွန်းထုတ်လိုက်တာမလား အရိုင်းလည်းမေ့မရခဲ့ဘူး မေ့မရခဲ့ဘူးဆိုတာထက် အရိုင်းထိတ်လန့်သွားခဲ့တာ.."

<ချစ်သောအက္ခရာ>[Completed]Donde viven las historias. Descúbrelo ahora