လျှာထိုးဦးထုတ်အမဲ ခပ်ငိုက်ငိုက်ဆောင်းထားသော မိန်းကလေးတစ်ဦးသည် ပေတရာလမ်းမမှ ခွဲထွက်လာကာ တိုက်ဟောင်းကြီးများ၏ အနောက်ဖက် လမ်းကြားထဲနှင့် တစ်ဆက်တည်းဆက်ထားသော တစ်ဖက်ပိတ်လမ်း၏ အစွန်ဆုံး သို့ လျှောက်သွားလိုက်၏။
ထိုတစ်ဖက်ပိတ်လမ်း၏ အစွန်တွင် ထုထည်ကြီးမားသော အုတ်နံရံကြီးကာစီးထား၏။ထိုအုတ်နံရံ၏ အရှေ့တွင် ခပ်ပေပေဂျစ်ပစီ နှစ်ကောင် ထိုင်နေလေ၏။ သူမကို မြင်တော့ ခေါင်းဆက်ပြလေ၏။
"ရန်ကုန်မိုးက သဲတယ်နော် "
နေ့လယ်နွေပူပူတွင် ထိုသို့သော အသုံးနှုန်းက တကယ်တော့ ဟာသဆန်လှ၏။ သို့သော် မိန်းကလေးက
"Coffee သောက်ရင် အချမ်းပြေတာပေါ့ "
စကားဝှက်တစ်ခုသာဖြစ်လေ၏။ ထိုဂျစ်ပစီနှစ်ယောက်က ခေါင်းညိတ်ပြလျက် လမ်းကျဥ်းလေး၏ အထက်မှ လျှောတံခါးကို ဆွဲဖွင့်လိုက်လေ၏။လျှောတံခါးပွင့်သွားသော အခါ မြေအောက်ထပ်၏ လျှို့ဝှက်လှေကား ပေါ်လာလေ၏။
သူမက မြေအောက်လှေကားမှ တထစ်ခြင်းဆင်းသွားလေ၏။ မြေအောက်လှေကားဆိုသည့့်အတိုင်း လုံးဝမှောင်မဲနေ၏။ တစ်ချက်တစ်ချက် အော်သံဟစ်သံ သဲ့သဲ့ကို ကြားရ၏။ သူမ လှေကားထစ်ပေါင်းများကျော်ဖြတ်ပြီးတဲ့နောက် ဝါကျင့်ကျင့်အလင်းရောင် သဲ့သဲ့ကို မြင်ရပြီ။
မြေအောက်ခန်းဟုဆိုသော ထိုနေရာတွင် ဘားတစ်ခုပုံစံမျိုး ။ ထိုနေရာတွင် လိုချင်ရာမှန်သမျှ အရက်ဘီယာလား ဆေးကရက်လား ဘိန်းလား မိန်းမလား လိုချင်တာမှန်သမျှ ရနိုင်သော မြို့ပြ၏ အမှောင်နိဗ္ဗာန်ဘုံ။
"ဇောင်း ..ဇောင်း .. ဇောင်း ဟေး ဟေး "
အထဲတွင် စုဝေးကာ ဝိုင်းသဖွယ် မတ်တပ်ရပ်နေသော လူအုပ်က သူမကို မြင်တော့ ဝိုင်းအော်ကြ၏။ သူမ ဒီကို လာခြင်းသည် အကြောင်းတစ်ခုသာဖြစ်၏။ "ချိန်းပွဲ " ။ ကြေးစားပုံစံဖြင့် နိုင်၍ ရသော ငွေများကို ယူရန် ထိုချိန်းပွဲကို သူမ လာခြင်းပင်။အားပေးသံတွေက တညံညံ လူအုပ်ကြားထဲတွင် သူမကို စောင့်ကြိုနေသော အမျိုးသမီးက သူမကို မချိတရိကြည့်ကာ စိန်ခေါ်နေလေ၏။
YOU ARE READING
ချစ်သော ... ဆရာမ
Romanceဆရာမနှင့် ခပ်ဆိုးဆိုးတပည့်လေး အချစ်ဇာတ်လမ်းလေး။ ဝေဖန်ပေးကြပါအုံး။