Part 18 Zawgyi

1.5K 58 7
                                    

ဆရာမ၏ ချော့လိုက်ချောက်လိုက် အနီးကပ်သင်ကြားပေးမှု့ကြောင့် ဇောင်း လပတ်စာမေးပွဲများကို ချော့ချော့မွေ့မွေအောင်မြင်လာခဲ့ပြီးနောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးဖြေဖို့ တစ်လအလို။

ကသစ်မြိုင်ဆေးရုံကြီး၏ အရေးပေါ်ခန်းဝတွင် အမျိုးသမီးနှစ်ဉီးထိုင်နေ၏။ တစ်ယောက်က စိုးရိမ်မှု့လွန်ကဲစွာနှင့် အရေးပေါ်ခန်းကို လည်တစ်ဆန့်ဆန့် ​မျှော်ကြည့်နေသလို နောက်တစ်ယောက်ကလဲ ထိုမိန်းကလေးကို ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးနေလေ၏။

"ဇောင်း ... ဘွားကို ဆရာဝန်ကြီးတွေ သေချာစစ်ဆေးပေးနေတာပဲ အဆင်ပြေသွားမှာပါ "

"မ ပြောသလိုဖြစ်ရင် ကောင်းမှာပါပဲ ...ကျွန်တော့်မှာ ဒီအဖွားတစ်ယောက်ပဲ ရှိတော့တာ "

အရေးပေါ်ခန်းတံခါးဝပွင့်လာပြီး အထဲမှ ဆရာဝန်ကြီး ထွက်လာသဖြင့် ဇောင်းအပြေးသွားကာ မေးလိုက်လေ၏။

"ဒေါက်တာ ကျွန်တော့အဘွား အခြေနေလေး"

ဆရာဝန်ကြီးက စိတ်မကောင်းသော မျက်လုံးများနှင့်ကြည့်ကာ ခေါင်းခါပြလေ၏။

"စိတ်မကောင်းပါဘူးဗျာ လူနာက အာရုံကြောတစ်ခါထဲပြတ်သွားတာဆိုတော့ "

"ဟင်! အဖွား "

ခေါက်ခနဲ လဲကျမလိုဖြစ်သွားသော ဇောင်းကို ထား လှမ်းထိန်းထားလိုက်ရင်း ပခုံးကို ဖက်ကာ

"ဇောင်း စိတ်ထိန်းပါအုံး "

"မရှိတော့ဘူး ကျွန်တော့ဘဝမှာ အဖွားမရှိတော့ဘူးတဲ့ မ ရယ် ကျွန်တော် ဘယ်လိုစိတ်ထိန်းနိုင်ပါ့မလဲ "

"ဇောင်း "

ဘယ်တော့မှ လူတွေရှေ့မှာ မျက်ရည်မကျသူက ယုံကြည်ရသူရဲ့ ရင်ခွင်မှာပဲငိုပါသတဲ့။ ပခုံးစွန်းပေါ်က စိုစိစိမျက်ရည်စတွေကို ထား ရင်ဖွင့်ကာ လက်ခံရင်း ကျောပြင်ကို ညင်သာစွာပုတ်ကာ ချော့မြူနေမိပါတော့သည်။ စိတ်ကျေနပ်အောင်သာ ငိုပါ။ စိတ်ဓာတ်တော့ ကျသွားလို့မဖြစ်။

___

"ဝမ်းနည်းတာက ဝမ်းနည်းတာပဲ ဇောင်း ဒီလိုလုပ်နေလို့မရဖူး စာမေးပွဲအတွက် မင်းစာတွေ လုပ်ရမယ် အားရှိအောင် ထမင်းပုံမှန်စားရမယ်"

ချစ်သော ... ဆရာမWhere stories live. Discover now