Part 31

7.9K 451 135
                                    

၆ လ ကြာပြီးနောက်။

၂၀၁၅ - ၂၀၁၆ ပညာသင်နှစ် ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲ။

အ ထ က (ကသစ်မြိုင်)၏ အုတ်တံတိုင်းခြံစည်းရိုးနဖူးစည်းက စာတန်းက လေတိုက်တိုင်း တဗက်ဗက် အသံမြည်ရပါသည်။ ကျောင်းဝန်းထဲမှာ ပျားပန်းခတ် လှုပ်ရှားနေသော အဖြူအစိမ်းဝတ်ကျောင်းသား ကျောင်းသူများနှင့် အပြင်ဝတ်များနှင့် ကျောင်းသားဟောင်းများက ရောနှောနေပြီး အချင်းချင်း ပွေ့ဖက် နှုတ်ဆက်စကားများ တဖွဲ့နွဲ့နွဲ့ မပြီးနိုင်အောင် ရယ်မောပြောနေကြ၏။

ဆရာကြီးရုံးခန်းဘေးက ပွဲကျင်းပရါ ဟောခန်းထဲမှ ဆောင်းဘောက်အကြီးကြီးနှင့် တပုတ်ထဲကိုပဲ ထပ်ခါထပ်ခါ ဖွင့်ထားသော မြတ်ဆရာ သီချင်းသံ ကို ကြားမိသူတိုင်း ရင်ထဲ စို့နင့့် မျက်ရည်ဝဲရပါ၏။ ကုလားထိုင်များ စတိတ်စင်ပေါ်မှာ ကန်တော့ခံ ဆရာမများအတွက်ရည်ရွယ်ခင်းကျင်းထားသော ထိုင်ခုံများ အမိုးမှာ ဆင်ထားသော ရောင်စုံပူဖောင်းများနှင့် ပွဲကျင်းပရန်အသင့့်။

အဖြူရောင်တက္ကသိုလ်ရင်ဖုံးလက်ရှည် အစိမ်းညို့ရောင်ထမိန်နှင့် စုံပုဝါအစိမ်းရောင်ခြုံထားသော ဆရာမဒေါ်ထားသခင်က နှစ်ထပ် ဆောင်၏ ဇရံတာမှသည် ကျောင်းအလံကို ငေးနေမိပါ၏။

"ဆရာမ ...အခမ်းအနားစတော့မယ် "

အနောက်မှ ခေါ်လိုက်သော အသံကြောင့် ထား လှည့်ကြည့်ပြီး ပြုံးလိုက်ပါ၏။ စောရူပါါ ...အချိန်တွေလွန်ခဲ့ပြီပေမယ့် တစ်ချိန်က ဖဲဘီးကုပ်လေးတပ်ထားပြီး ဆံပင်ဖြောင့်ဖြောင့်လေးချထားတက်သော ကောင်မလေးဟာ အခုဆို တည်ငြိမ်ရင့့်ကျက်သောဆရာဝန်မကြီးတောင် ဖြစ်နေခဲ့ပြီ။

"သူရော ... လာလား ရူပါ "

ရူပါ ခေါင်းကို ခပ်လေးလေးခါလိုက်လေသော် ထားမျက်ဝန်းတောက်တောက်တွေ ညှိုးမှိန်သွားလေ၏။

"ကတိပေးထားတာကို "

ခပ်တိုးတိုးဖွဖွဆိုရင်း ရေတမာပင်တန်းဘက်ကို မှိုင်းဝေစွာ ငေးမိသွားလေ၏။ဒီရက်ပိုင်းအတွင်း ဇောင်း အဆက်အသွယ်မလုပ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။ နောက်ဆုံးအကြိမ် Vedio Call ပြောခဲ့တုန်းက အာစရိယပူဇော်ပွဲနေ့အမှီ ပြန်ခဲ့မယ်လို့ ကတိပေးခဲ့ပြီးတော့ အခုကြတော့ မလာခဲ့ဘူးလား။

ချစ်သော ... ဆရာမWhere stories live. Discover now