Part 13

6.4K 493 38
                                    

ခဲရောင်တောက်ပသော အဆောက်အဦးီးကြီး၏ အတွင်း ဟောခန်းကြီးတွင် ဖွဲ့စည်းထားသော အခန်းများအားလုံးတွင် သူ့နေရာနှင့်သူ လေ့ကျင့်နေကြသူများရှိ၏။ သင်ပေးသော ဆရာ တပည့်များ၏ လက်ရေးစမ်းသံတွေ သဲအိတ်ကို တဒိုင်းဒိုင်းထိုးကာ ပြိုင်ပွဲဝင်ရန်လေ့ကျင့်နေသူတွေ သက်လုံကောင်းအောင် အားကစားနည်းတစ်မျိုးမဟုတ် တစ်မျိုး လုပ်နေသူတွေ အားလုံး ကို သူတစ်ချက်ကြည့်ပြီး

"Kris ငါ စုံစမ်းခိုင်းထားတာတွေ အဆင်ပြေရဲ့လား "

Kris က သူ့အနား ခပ်ယိုယို့ရပ်နေရာမှ ရှေ့တိုးလာပြီး ဖိုင်တစ်ချို့ကို ပေး၏။

"ဦးလေး ​စုံစမ်းခိုင်းထားတဲ့ ဇောင်းလွှမ်းအကြောင်းနဲ့ ဓာတ်ပုံတွေပါ "

သူနမည်က ခွန်မင်းဆက် အသက်အားဖြင့် ၃၄ နှစ်။ အရပ်ရှည်ပြီး ခန့့်ငြားကာ လေ့ကျင့်သားရသော ကိုယ်ဟန်တွင်ကြွက်သားအမြောင်းမြောင်းက ရှိနေသဖြင့် Fix size အင်္ကျီနှင့် လူငယ်ဆန်သော ဘောင်းဘီရှည်ကြောင့် အရွယ်ထက်ပိုပြီး နုပျိုခန့့်ငြားနေသည်။

"ငါ့အခန်းမှာ သွားကြည့်တာပေါ့ "

"ဟုတ်ကဲ့ "

လေ့ကျင့်ရေးလုပ်သော ဟောခန်းကြီး၏ ထောင့်ဆုံး ကော်ရစ်တာရှိ ဓာတ်လှေကားမှ အပေါ်ဆုံးရုံးခန်းသို့ တက်သွားလေသည်။ ကျယ်ဝန်းသော ရုံးခန်းကြီး၏ အလယ် နက်ပြာရောင်ဆက်တီတွင် ထိုင်လျက် တူဖြစ်သူ ပေးသော ဖိုင်ကို တစ်ခုချင်းကြည့်၏။Kris ခေါ် ခွန်းဆက် က ဦးလေး၏ ဘေးတွင်ထိုင်လျက် မေးသမျှကို ဖြေကြားရန် အသင့့်။

"သူ့အမေ မမခမ်းနွယ်က ငါ့အကိုရဲ့ဆရာမ သူလဲ သူ့အမေလို သိပ်တော်မယ်ထင်တယ်"

"တော်တယ် ဦးလေး ကေသရီကို ကိုင်ပေါက်လိုက်တာမြန်း ဦးလေးကိုပြမယ် "

Kris က သူ့ဖုန်းထဲက ဗီဒီယိုကို ဖွင့်ပြလေ၏။ ခွန်မင်းဆက် ခေါင်းတငြိမ့်ငြိမ့်ပြုံးရင်း

"မမခမ်းနွယ် သွေးတွေက အပြည့်စီးဆင်းနေတာပဲကိုး တကယ့်ကျောက်ရိုင်းလေးပဲ "

"ဦးလေး သွေးပေးရင် ပိုတောင်ထက်လာအုံးမှာ ကျွန်တော်တို့ Club က ကြယ်တစ်ပွင့် ထက်ထွက်လာမယ်ထင်တယ် "

ချစ်သော ... ဆရာမWhere stories live. Discover now