"L group "
အဖြူရောင်လင်းနေသော အခန်းကျယ်ကြီး၏ ပြတင်းမှန်များမှ တစ်ဆင့် မြေပြင်မှ လှုပ်ရှားမှု့များကို ငေးကြည့်နေသော သူမသည် L group ၏ အရှင်သခင် ထားသခင်။ အပြာနုရောင် Suit ကို Business woman ဆန်ဆန် ခန့်ငြားစမတ်ကျစွာ ဝတ်ဆင်ထားပြီး လက်ပိုက်ရပ်ကာ ဝင်လာသော ကားများကို ငေးကြည့်နေပါ၏။
"CEO "
ဝသုန်၏ အသိပေးစကားကို နားလည်ဟန် လက်ကာပြလိုက်ပြီး
"ဒေါ်ကလျာရဲ့ ကျဆုံးခန်းလေး သွားကြည့်ရအောင် "
အနက်ရောင်ဒေါက်ဖိနပ်ကိုကြွကြွရွရွစီးလျက် ဆံနွယ်တွေ လှုပ်ခတ်သွားပုံများ အထက်တန်းကျသော သံစဉ်တစ်ပုဒ် ခပ်တိုးတိုး ရွတ်ဆိုလိုက်သည့်ဟန်။ သူမ ဉီးတည်သွားရာ ရုံးခန်းသည် မန်နေဂျာချုပ်ဒေါ်ကလျာ၏ ရုံးခန်းပင်။ နီရင့်ရင့် နှုတ်ခမ်းပါးတွေကို တွန့်ချိုးကာ ပြုံးနေပုံက နတ်မိမယ်တွေလို။
အပြာရောင် သေတ္တာများကိုင်ဆောင်ပြီး ရုံးခန်းဝင်လာသူများက ဒေါ်ကလျာကို ကဒ်တစ်ခုထောင်ပြလိုက်ပြီး
"စစ်ဆေးရေး ရုံးကပါ ငွေအလွဲသုံးစားမှု့နဲ့ တိုင်ထားလို့ ပူးပေါင်းပေးပါ"
" ရှင်တို့ ဘာတွေပြောနေတာလဲ ကျွန်မဘယ်ငွေမှ အလွဲသုံးစားမလုပ်ဘူး မလုပ်ပါနဲ့"
ရုတ်တရက်ဆန်စွာ စစ်ဆေးမှု့ကို ထင်မထားသော ဒေါ်ကလျာသည် စစ်ဆေးရေးများလက်ထဲက ဖိုင်များကို ပြန်လုရင်း ရုန်းရင်းဆန်ခတ်။ထိုအခြေအနေကို ရုပ်ရှင်ကြည့်သလို အေးအေးဆေးဆေးကြည့်နေသူက ထားသခင်။
"ခင်ဗျားကို ကုမ္ပဏီအလွဲသုံးစားမှု့နဲ့ တိုင်ထားတာ စိတ်မကောင်းပါဘူး "
"ဆရာ .. ဒီမှါ တွေ့ပါပြီ "
လျှို့ဝှက်ရန်ပုံငွေစာအုပ်ကို ထုတ်လာပြီး ပြလိုက်တော့ ခေါင်းဆောင်ဖြစ်သူက ဒေါ်ကလျာ့ကို လက်ထိပ်ခတ်လိုက်လေတော့၏။
"ထား ...ထား ...တို့ကို ကူပါအုံး တို့ဘာမှ မလုပ်ထားဘူး "
လက်ပိုက်ရပ်ပြီး အေးဆေးကြည့်နေသော ထားသခင်ကို အားကိုးတကြီး လက်ကို ဆွဲကာ လာပြောနေသဖြင့် ထားခပ်မဲ့မဲ့ပြုံးကာ ဒေါ်ကလျာ၏ ခပ်ဟိုက်ဟိုက်အင်္ကျီ ကော်လာကို စောင့်ဆွဲကာ
YOU ARE READING
ချစ်သော ... ဆရာမ
Romanceဆရာမနှင့် ခပ်ဆိုးဆိုးတပည့်လေး အချစ်ဇာတ်လမ်းလေး။ ဝေဖန်ပေးကြပါအုံး။