ည ၉ နာရီ နီးပါးခန့့်။
ကြိုးဝိုင်းပေါ်မှ ဆင်းလာသော ဇောင်း ဟာ နည်းပြ ချိုချိုဇင်ကို မှေးဆက်ပြလိုက်တော့ ချိုချိုဇင်က ဆီးကြိုပြီး ဇောင်းမျက်နှာပေါ်က သွေးစတွေကို Wet Tissue နဲ့ သုတ်ပေးရင်း
"ခွဲခန်းဝင်သွားပြီလို့တော့ ရူပါ ဖုန်းဆက်ထားတယ် အခု သွားတော့မလား "
"သွားမယ် ဟူး ... ရင်တွေ ခုန်လိုက်တာ ခွဲစိတ်တာ အဆင်ပြေမှာပါနော် "
ဇောင်းလွှမ်း၏ စိတ်လှုပ်ရှားပြီး တုန်ရီနေသော အသံကြောင့် ချိုဇင် ပြုံးမိသွား၏။ သည်ကလေးဟာလေ ကြိုးဝိုင်းပေါ်မှာ ကေသရာဇာလို အကြောက်တရားကင်းသလောက် သွေးသားဆိုသော မေတ္တာရိပ်လေးကို တစ်ခုခုဖြစ်သွားမှာ စိုးထိတ်နေပုံက တကယ့်အံသြစရာ။
ထားနှင့်ဇောင်းဟာ ဖန်ပြွန်သန္ဓေယူပြီး ကလေးယူဖို့ကြိုးစားရင်း တစ်နှစ်အကြာမှာ ကလေးငယ်ဟာ ထား၏ ရင်ခွင်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပြီလေ။ ကလေးအရမ်းချစ်တက်သော ဇောင်းလွှမ်းအတွက် သည်နေ့ဟာ ဘာနဲ့မှမတူသော နေ့ထူးနေ့မြတ်လေး။တစ်ဦးတည်းသော သွေးသားဟာ ဇောင်းနှင့်ထားထံ မွေးဖွားလာသော နေ့လေ။
Air-Com ကားပေါ် ချွေးပြန်နေသော ဇောင်းဟာ ဖုန်းမှတစ်ဆင့့် အင်္ဂုလိမလသုတ်ကို နားထောင်ရင်း မျက်ဝန်းတွေမှေးမှိတ်ကာ လက်ဖဝါးနှစ်ခုကျစ်ကျစ်ပါအောင် စုပ်ပြီး ဆုအကြိမ်ကြိမ်တောင်းနေမိပါ၏။
"ကလေးရော ထားပါ အန္တရယ်ကင်းပါစေ "
ချိုဇင်၏ လက်ဖဝါးတစ်ဖက်ဟာ တုန်ရီနေသောဇောင်းလက်တွေပေါ် အုပ်ကိုင်ပြီး
"အဆင်ပြေသွားမှာပါ စောရူပါရော သမားတော်မြူမင်းလွင်ရောပါ ရှိနေတာပဲဟာ အရမ်းစိတ်မပူပါနဲ့ "
"ဆရာမ ...ဘယ်လောက်တောင် အားငယ်နေမလဲ ကျွန်တော် သူ့အနားမှာ ရှိနေသင့့်တာကို "
"ထားက ဘယ်လောက်စိတ်ဓာတ်မာလိုက်သလဲ သူ့ရင်သွေးလေးအတွက် သူ အားတင်းထားမှာပါ "
ပြည်သူ့ဆေးရုံကြီးရှေ့ ကားထိုးဆိုက်သည်နှင့် ဇောင်း ခြေလှမ်းတွေက အော်ပရေးရှင်းခန်းသို့ ဦးတည်ပါတော့၏။ အနောက်မှ ချိုချိုဇင်နှင့် Kris က အပြေးလိုက်သွားရလေ၏။ ဓာတ်လှေကားက လူကြပ်နေသဖြင့် ဇောင်းစိတ်မရှည်ကာ ရိုးရိုးလှေကားကနေ ၆ လွှာကို ပြေးတက်သွားလေပြန်၏။
YOU ARE READING
ချစ်သော ... ဆရာမ
Romanceဆရာမနှင့် ခပ်ဆိုးဆိုးတပည့်လေး အချစ်ဇာတ်လမ်းလေး။ ဝေဖန်ပေးကြပါအုံး။