အပြင်မှာ ခပ်သဲသဲရွာသောမိုးကြောင့် တရုပ်ကပ်ပြတင်းပေါက်မှန်တစ်လျှောက် မိုးပေါက်များနှင့် ပြည့်နေ၏။ အဖြူရောင်နံရံကပ်စက္ကူကပ်ထားပြီး မီးလဲ ဖွင့်လို့ရလို့သာ သူမ၏ အခန်းက အလင်းရောင် ရနေခြင်း။
လူမနေတာကြာပြီ ဖြစ်သော ထိုအခန်းတွင် ဖုန်အနံ့တွေ ပျံ့ပျံ့လှိုင်နေသဖြင့် နာရီဝက်တစ်နာရီနီးပါး ဖုန်တွေ လိုက်ခါလေ၏။ ဗီရိုကို ဖွင့်ကြည့်လိုက်တော့ အိပ်ယာခင်းအသစ်များတွေ့သဖြင့် လဲလှယ်လိုက်လေ၏။အဟောင်းများကို စုကာ အိပ်ယာခင်းနဲ့ ပတ်ကာ နံရံထောင့်တွင် လုံးထားလိုက်ပြီး သေချာရှင်းလိုက်မှ အခန်းငယ်က သန့့်သွားလေ၏။
စားပွဲခုံကို သူမ အကြည့်ရောက်သွားလေ၏။အဖြူရောင်ကြွေ ပန်းအိုးထဲမှ သစ္စာပန်းအဖြူရောင်က ခြောက်ကပ်လို့နေပါ၏။ပန်းအိုးနံဘေး ဓာတ်ပုံဟောင်းတစ်ခုထဲရှိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး မင်္ဂလာဝတ်စုံနှင့်ပုံ။
"ဇောင်း ရဲ့ မိဘ တွေ ထင်တယ် သူတို့က ဒီမှါ မနေပုံပဲ "
"ဒေါက် ... ဒေါက် "
အခန်းဝက တံခါးခေါက်သံကြောင့် သူမကိုင်ထားသော ဓာတ်ပုံကို ပြန်ချလိုက်လေ၏။ အခန်းတံခါးကို ဖွင့်ပေးလိုက်၏။တံခါးဝတွင် ရပ်နေသူက ဇောင်း။ အဝါရောင်တီရှပ်လက်ပြတ် ဂျင်းဘောင်းဘီတိုနှင့် ဆံပင်တွေကို ခပ်မြင့်မြင့်စည်းထား၏။လက်ဆက်သော ဆပ်ပြာနံ့ကြောင့် သူရေချိုးပြီးမှန်းသေချာ၏။
"ခင်ဗျားဗိုက်ဆာရင် ဟင်းတွေကျက်ပြီလို့ လာပြောတာ "
"Omm ရေချိုးပြီးမှ စားမယ် "
"Ok ဒါဆို "
"ခဏ ဇောင်း ကိုယ်ပြောစရာရှိလို့ "
"ကိုယ်က မင်းထက် အသက်ကြီးတယ်လေ ဒါကြောင့် ကိုယ့်ကို ခင်ဗျားလို့မခေါ်သင့့်ဘူး"
ဇောင်းက မျက်မှောင်ကျုံ့ကာ စိတ်ရှုပ်သလို ကြည့်ရင်း တစ်ချက်စဥ်းစားလိုက်ကာ
"ဘယ်လိုခေါ်ရမှာလဲ ကျွန်တော်မှ ခင်ဗျားအသက်မသိတာ "
"ကိုယ်က ၃၀ မင်းက အလွန်ဆုံးရှိ ၁၅ နှစ်ပေါ့"
YOU ARE READING
ချစ်သော ... ဆရာမ
Romanceဆရာမနှင့် ခပ်ဆိုးဆိုးတပည့်လေး အချစ်ဇာတ်လမ်းလေး။ ဝေဖန်ပေးကြပါအုံး။