Part 20

6K 464 47
                                    

"Ok ...Ok... စောင့်နေမယ် လာကြိုခဲ့ ငါနေရာ မသိဘူး ...အင်း "

ဖုန်းဖြေရင်း အခန်းထဲမှ ထွက်လာသော ဇောင်းကို ထားလှမ်းကြည့်နေ၏။ ဘယ်သူနဲ့ ပြောနေပါလိမ့်။ သူကတော့ ထားကို တစ်ချက်မှမကြည့် ဖုန်းကို အိတ်ထဲပြန်ထည့့်ပြီး မီးဖိုထဲ ဝင်သွားလေ၏။အုပ်ဆောင်းကို လှန်ကြည့်ပြီး ဧည့်ခန်ထဲက ထားကို လှမ်းကြည့်နေသောကြောင့်

"ဘာလဲ "

"ခင်ဗျားကလဲ ဘာလို့ပြင်ဆင်ထားပြန်ပြီလဲ"

အုပ်ဆောင်းအောက်တွင် ကော်ဖီပူပူခရားနှင့် ကြက်ဥကြော် သီးစုံထမင်းကြော်က အငွေ့တထောင်းထောင်းနှင့် မွှေးပျံ့နေသည်လေ။ သည်အမျိုးသမီးက သူ့အတွက် ဘာလို့ ဒီလေါက်တောင် ကောင်းနေရတာလဲ။

"မစားားချင်မစားားနဲ့ပေါ့ အရစ်အရှည်ပြန်ပြီ"

တွေ့လား။ ချိုသာနွဲ့ပျောင်းခြင်းက ကင်းမဲ့ပြီး ဘုကလန့့်ပြန်ပြောတက်တာက ကိုယ်နဲ့သိပ်တူတာမို့ သဘောကျကာ ပြုံးလိုက်မိသည်။ အဲ့အဒေါ်ကြီးကလေ မသိမသာလေး စွဲဆောင်မှု့ရှိတယ်။

"ခင်ဗျားကရော "

"လာခဲ့မယ်"

မျက်စောင်းတစ်ချက်ထိုးပြီး စူပုတ်ပုတ်နှင့် သူရှေ့ဝင်ထိုင်လိုက်သော အမျိုးသမီးကို ဇောင်းတစ်ချက်ကြည့်လိုက်ပြီး

"ဘာဖြစ်နေတာလဲ စောစောစီးစီး"

"စိတ်တိုနေတာလေ မတွေ့ဖူးလား "

"ကျွန်တော် ဘာလုပ်မိလို့လဲ "

"မသိခြင်းများစွာနဲ့ လူသား ထမင်းစားပြီးရင် သွားတော့ မျက်နှာကိုမမြင်ချင်ဘူး "

"ဟော "

ရန်စွယ်နှင့် ငေါငေါ ထပေါက်ဟန်မျက်လုံးများနှင့် ပြောလေသောအမျိုးသမီးကို သူဘာကြောင့် ဒေါသမထွက်မိတာလဲ။ ခပ်စွာစွာဆူပုတ်ပုတ်နှင့် အမျိုးသမီးက အသက်နှင့်မလိုက်အောင် ချစ်ဖို့ကောင်းနေပြန်သည်။

"ပြီးတာပဲလေ ဒါနဲ့ ခင်ဗျားက သူဌေးဆို ဘာလို့ကိုယ့်အိမ်မှာကိုယ်​ြပန်မနေတာလဲ "

"ဒါက ငါ့အိမ်လေ မနေချင်ရင် မင်းသွားရမှာ သတိရမှ ပြန်လာခဲ့"

ချစ်သော ... ဆရာမWhere stories live. Discover now