Part 3

6.6K 497 15
                                    

အ ထ က (ခွဲ ) ကသစ်မြိုင်။

အုတ်ရိုးမြင့်မြင့်ကာရံထားသော ကျောင်းတော်ကြီး၏ အရှေ့တွင် သက်တမ်းရင့့် သစ်ပင်ကြီးများ ကပ်လျက်ပေါက်နေလေ၏။ကျောင်းဝန်းထဲတွင် သူငယ်တန်းမှ ၁၀ တန်းအထိ အဆောင်များရှိသဖြင့် ကျောင်းသားအရွယ်အစားစုံလင်လှပါ၏။ ဘောလုံးကွင်း ပန်းခြံ အားကစားခန်းမ အစရှိသော ကျောင်းတွင်း ရှိသင့့်သော အင်္ဂါရပ်များဖြင့် ပြည့်စုံနေလေ၏။

အထက်တန်းအဆောင် ၏ အပေါ်ဆုံးထပ်က ၁၀ တန်းကျောင်းသားများအတွက် သီးသန့့်နေရာဖြစ်လေ၏။ ကျောင်းခန်းထဲကို ဇောင်း ရောက်တော့ Section B ခန်းမှ ကျောင်းသူကျောင်းသားအချို့က ဇောင်းကို ကြည့်ပြီး တီးတိုးပြောနေကြ၏။

အစဥ်အလာထုံးစံအချို့ကို လျစ်လျူရှု့ရင်း အတန်း၏ နောက်ဆုံးခုံကို လျှောက်သွားလိုက်၏။ ထုံးစံအတိုင်း မြင်လိုက်ရသော ခုံပေါ်တွင် မြေဖြူအချို့ဖြင့် ရေးထားသော စာတန်းများ။

"အကြမ်းဖက်ကျောင်းသူ"

"စရိုက်ကြတဲ့မိန်းမ"

"ကျောင်းကို နမည်ဖျတ်တဲ့ကောင်မ"

အဆိုးိုးဆုံးက မိဘမဲ့ ဟူသော မိမရှိ ဖမရှိ တစ်ကောင်ကြွက်မ အစရှိသဖြင့် လူကို အသရေဖျတ်သော အကြမ်းဖက်စကားလုံးများ။ထူးပြီး မကျေနပ်ဖြစ်မနေတော့ပဲ စက္ကူတစ်ရွက်ဖြင့် သုပ်လိုက်ကာ စာသင်ခုံပေါ်မှောက်လျက် အိပ်နေလိုက်ပါ၏။ ခဏကြာတော့ သူ့အနားကို တစ်ယောက်ယောက်ဝင်ထိုင်တာကို သူ ခံစားမိ၏။

"ဇောင်း နေမကောင်းဘူးလား "

ဖြူလေးသာ ဖြစ်၏။လောကမှာ အဖွားပြီးရင် ကိုယ့်အပေါ်ကောင်းသူက ဖြူလေးခင်ဟူသော ထိုမိန်းကလေးသာဖြစ်လေ၏။ ဖြူလေးကို သူတစ်ချက်မော့ကြည့်လိုက်၏။ အဖြူရောင်ရင်ဖုံးအင်္ကျီအစိမ်းရောင်လုံခြည် ကျစ်ဆံမြီးနှစ်ဖက်ဖြင့် ပါးပြင်ဝင်းနှစ်နှစ်တွင် ပါးကွက်ကြားနှစ်ဖက်နှင့် သူမကို ဇောင်း မပွင့်တပွင့်ပြုံးပြကာ ပြန်အိပ်နေလိုက်၏။

ထိုအချိန်တွင် အတန်းထဲကို ချောမောလှပသော ကျောင်းသူတစ်ဦးဝင်လာ၏။ ရှည်သွယ်သော အရပ် တင့့်တယ်သော ကိုယ်ဟန်ဖြင့် ပါးလွှသော အဖြူရောင် အင်္ကျီခါးတိုရင်ဖုံး အစိမ်းရောင်လုံခြည်ဖြင့် ဆံပင်အချို့ကို ဖြန့်ချကာ ဘီးကုပ်လှလှလေးဖြင့် ကုပ်ထားလေ၏။

ချစ်သော ... ဆရာမWhere stories live. Discover now