"ဇောင်း ... ထမင်းကြော်လာစား"
တံခါးကို ခေါက်ပြီး ပြောလိုက်တော့
""ခဏနေ လာခဲ့မယ် အဝတ်လဲနေလို့ "
ထား လဲ ဘာမှ ဆက်မပြောတော့ပဲ ထမင်းစားခန်းဘက် ပြန်လျှောက်လာပြီး ဘွား ဘေးနားဝင်ထိုင်ကာ
"ဘွား စားရတာအဆင်ပြေရဲ့လား "
"ပြေပါတယ် ဆရာမလေးရယ် အားနာစရာ ဘာလို့မီးဖိုချောင် ဝင်ရတာလဲ ဇောင်းရှိတဲ့ဟာကို "
"ဟင်းဟင်း ရပါတယ် ဘွားရယ် အားမနာာပါနဲ့ "
"ဘာတွေ အားမနာာပါနဲ့ လုပ်နေတာလဲဗျ "
မီးဖိုခန်းဘက် ဝင်လာသော ဇောင်းက နားစွန်နားဖျားကြားကာ ဆရာမဘေးက ခုံမှာ ဝင်ထိုင်ပြီးမေးလိုက်သဖြင်ပ ဘွားမေသက်ရော ထား ပါ ဇောင်းကို လှည့်ကြည့်လိုက်ကြ၏။ ဇောင်းက အဖြူအစိမ်းဝတ်ထားတာမဟုတ်ပဲ အပြင်ဝတ်နဲ့ တစ်နေရာရာသွားမယ့်သူနဲ့ တူနေသည်လေ။
"ဒီနေ့ကျောင်းမတက်ဘူးလား "
ထမင်းအစ်ထဲက ထမင်းကြော်တွေကို ပန်းကန်ထဲ ပြောင်းထည့့်ရင်း ဇောင်းလှည့်ကြည့်ပြီး ရယ်ကာ ခေါင်းခါ၏။
"ဘာလို့လဲ စာမေးပွဲက နီးနေတဲ့ဟာ "
"အေးလေ မြေးရဲ့ သွားစရာရှိလို့လား "
ဇောင်းက ထမင်းကြော်တစ်လုပ် ခတ်စားရင်း ကော်ဖီကိုပါ မှုတ်သောက်ရင်းမှ
"ကောင်လေးနဲ့ သွား Date မလို့ ဘွား လိုက်မလား "
"ဘယ်ကကောင်လေးလဲ မြေးက ရည်းစားရနေပြီလား "
ဆရာမထားသခင်၏ မျက်လုံးများက လေဆာဆို ဇောင်းတစ်ကိုယ်လုံးလောင်ကျွမ်းနေလောက်ပြီ။ အကဲခတ်ပြီး မကြည်သလို ကြည့်နေပုံက ထပေါက်ေတာ့မယ့်မြွေဟောက်လို။ ဇောင်း သိပေမယ့် မသိချင်ယောင်ဆောင်က မှင်သေသေနှင့် ထပ်ပြော၏။
"ဟုတ်တယ်လေ ကောင်ချောလေး အနဲဆုံးတော့ အသက်မကြီးသေးဘူး တစ်ချို့တလေလို "
ထားသခင် ဒေါသက ပိုပြင်းလာကာ ဇောင်း၏ ခြေထောက်ကို ဖိနင်းလိုက်လေ၏။
"အား !"
"ဘာဖြစ်လို့လဲ မြေး "
"ခုံစောင်းနဲ့ခြစ်မိသွားလို့ပါ ဘာမှမဟုတ်ဖူး "
YOU ARE READING
ချစ်သော ... ဆရာမ
Romanceဆရာမနှင့် ခပ်ဆိုးဆိုးတပည့်လေး အချစ်ဇာတ်လမ်းလေး။ ဝေဖန်ပေးကြပါအုံး။