Part 25

6.3K 398 50
                                    


ခပ်နွေးနွေးနေရောင်ခြည်က ပြတင်းပေါက်မှသည် ဖြူလွလွကုတင်ထက်က ထား၏ မျက်နှာပေါ်သို့ ဆလိုက်ထိုးသလို ဖြာကျလာလေသဖြင့် ထား မျက်လုံးတွေ ကျိမ်းသွားကာ ပွင့်လာလေ၏။

"ဘယ်နှစ်နာရီ ထိုးပြီလဲ "

မျက်လုံးများကို အသေအချာဖွင့်ကြည့်မှ သူမရောက်နေသော နေရာသည် ဇောင်း၏ အခန်းမှန်း မှတ်မိသွားလေ၏။

"ညက "

တွေးမိသွားရင် ခပ်ဖွဖွလေးပြုံးမိသွားလေ၏။ သည်ရပ်ဝန်းလေးမှာ နေခွင့်ရသော အချိန်တွေအားလုံးဟာ မကြာခင်အဆုံးသတ်ရတော့မှာပါလား ဟူသော အတွေးကို ပြန်သတိရသွားခဲ့ရပြန်၏။စားပွဲပေါ်လေးပေါ်က နှစ်ယောက်အတူ ရိုက်ခဲ့ဖူးသော ပုံလေးထဲမှာ ဇောင်းက အားရပါးရပြုံးနေခဲ့သည်။
ဒီအပြုံးတွေကို အကြာကြီးမြင်ခွင့်ရချင်သေးတာ။

"ဒေါက် "

လော့တံခါး လှည့်ဖွင့်သံကြောင့် ပါးပြင်ထက်က မြစ်တစ်စင်းကို ခပ်သွက်သွက် ဖယ်ရှားလိုက်ပြီး အိပ်ယာပေါ်ပြန်လဲကာ စောင်ခေါင်းမြီးခြုံထားလိုက်လေ၏။ တိုးဖွဖွဇောင်းရဲ့ခြေသံတွေက ကုတင်နားသို့ ကပ်လာလေပြီး ထား၏ နံဘေးမှာ ဝင်ထိုင်လေ၏။

"ဟန်နီ "

"မောင့် ရဲ့ အချစ်လေး ...အိပ်ပုတ်လေး ထတော့လေကွာ ... အအိပ်ကြီးလှချည်လား အချစ်ဆုံးရဲ့ "

ခေါင်းမြီးခြုံထားသော စောင်ကို ဖယ်ခွါကာ ထား၏ နဖူးစပ်ကို ဖိကပ်နမ်းရှိုက်ရင်း ဆိုနေပြန်သည်။

"အိပ်ချင်သေးတယ် "

"မအိပ်နဲ့တော့ အချစ်အတွက် နို့ဆန်ပြုတ်လေး လုပ်ထားတယ် ထတော့နော် အလုပ်မတက်ဘူးလား "

"ဇောင်းလွှမ်း!"

ဝုန်းခနဲ ထထိုင်လိုက်သော ထားကြောင့် ဇောင်းလန့့်ပြီး အနောက်ကို ယှိုင်သွားလေ၏။ အိပ်ချင်မူးတူးမျက်လုံးတွေက မပွင့်တပွင့် ဆံပင်တွေက ဖရိုဖရဲနှင့် ဇောင်းကို ဆွေကြည့်နေပုံကြောင့် ဇောင်းမှာ အလန့်တကြားဖြစ်သွားရလေ၏။

"ဘာလဲ ...ဘာဖြစ်တာလဲ "

"ဘာဖြစ်တာလဲ ဟုတ်လား ...ဒီမှါ ညတုန်းက မင်းသောင်းကျန်းထားလို့ ခါးတွေရော တစ်ကိုယ်လုံးရော ကိုက်ခဲနေတာပဲ ဒါတေါင် အလုပ်သွားခိုင်းနေတယ် ဘယ်လို လင်မျိုးလဲ "

ချစ်သော ... ဆရာမWhere stories live. Discover now