Part 29

2.6K 57 7
                                    

"မင်း ... အိမ်ရှင်မဖြစ်နေပြီး တစ်ရက်လေးတောင် အိမ်မှာ မနေနိုင်ဘူးလား ထားသခင် "

အထူးအဆန်းလုပ်ပြီး မေးခွန်းထုတ်လာသော လပြည့်မောင်ကို ထား တစ်ချက်မှမကြည့်ပဲ ကားသော့ကို လက်မှကိုင်ကာ အိမ်ပြန်ဖို့ လုပ်နေရင်း ပစ္စည်းတွေကို လက်မှာ တစ်ပွေ့တစ်ပိုက်နှင့်။

"အဲ့ဒါ ရှင့်အတွက် ပိုကောင်းမနေဘူးလား ကိုလပြည့်​မောင် ရှင်ခေါ်ချင်တဲ့လူကို အေးဆေးခေါ်လာလို့ရတာပေါ့"

နီညိုရောင်မျက်မှန်အောက်က အေးစက်စက်မျက်ဝန်းတွေ၏ အကြည့်ကို ကျောစိမ့်သွားအောင် ကြည့်ပြီး ရင်ဆိုင်ကာ

"အနဲဆုံးတော့ ကိုယ့်ဉီးလေးရှေ့မှာ နဲနဲပါးပါး ဟန်ဆောင် သင့်တာပေါ့"

"ကျွန်မကို ဘယ်တော့ ကွာရှင်းစာချုပ်လက်မှတ်ထိုးပေးမှာလဲ ကိုလပြည့်မောင်"

"မင်း .... Shit ! ငါလဲ မင်းနဲ့ လက်ထပ်ချင်လွန်းလို့ အောက်မေ့နေလား ထားသခင် မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတယ် မင်းစိတ်ကြိုက် အပြင်မှာ တိုက်ခန်းလဲ ပေးထားတယ် ဟန်ဆောင်လင်မယားဖြစ်နေတာက မင်းကို ဘာနစ်နာစေလို့လဲ မင်းတို့ ကုမ္ပဏီတစ်ခုလုံးကို ကယ်ခဲ့တာ ငါတို့ပါ "

"အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ် ဒီနှစ်အတွင်းမှာ ကျွန်မလဲ ရှင်တို့ အကြိုက် ဒီဇိုင်းတွေအများကြီး ထုတ်ပေးခဲ့တာပဲလေ နစ်နာနေသလားတဲ့လား ရှင် လူတစ်ယောက်ကို ချစ်ဖူးလား ရှင့်လို ကိုယ်ခန္ဓာသာယာဖို့ပဲ လိုချင်တဲ့ သူကတော့ ဘယ်သိပါ့မလဲ ကျွန်မက လူတစ်ယောက်ကို ချစ်လျက်နဲ့ စွန့်လွတ်ခဲ့ရတာရှင့် သိရဲ့လား "

ကားပါကင်မှာ တစ်ယောက်တစ်ခွန်းစကားများရင်းမှ ထားသခင်၏ ရင်ထဲက အမှန်တရား စကားတွေကြောင့် လပြည့်မောင် အံသြသင့်သွားရလေ၏။ ထားသခင်လို အေးတိအေးစက်နှင့် ဘယ်သူ့ကိုမှ မညှာခဲ့ဖူးသူက လူတစ်ယောက်ကို ချစ်လျက်နဲ့ စွန့်လွတ်ပြီး ကုမ္ပဏီကို ရွေးခဲ့သတဲ့။

"ဝေါ "

ကားကို ဝေါခနဲ မောင်းကာ ထွက်သွားသော ထားသခင်ကားကို ငေးပြီး ကျန်ခဲ့သောသူက လပြည့်မောင်ရယ်ပါ။

ချစ်သော ... ဆရာမWhere stories live. Discover now