ဝသုန် ပေးလာသော စာချုပ်ကို ထား ဖွင့်ဖတ်လိုက်၏။ ဇောင်းကိုယ်တိုင် လက်မှတ်ထိုးပြီး ရောင်းခဲ့တဲ့ အိမ်တဲ့။ ဒီအိမ်ကို ဇောင်းဘယ်လောက်ချစ်မြတ်နိုးကြောင်း သူမ အသိဆုံး။ တကယ်တော့ ဇောင်းကာကွယ်ချင်ခဲ့တာက အိမ်ဆိုတာထက် သူချစ်မြတ်နိုးရတဲ့ အရာတွေကို ဆိုတာ ထားသိလိုက်ရ၏။
လက်မှတ်ထိုးထားသော နေရာကို လက်ညှိုးနှင့် ဖွဖွထိကြည့်နေသော ထားကို ဝသုန် ငေးကြည့်နေလေ၏။ ဒီနှစ်အတောတွင်း မမလေးဟာ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လာတယ်ဆိုတာထက် စက်ရုပ်တစ်ခုနဲ့ ပိုတူ၏။ မမလေးက Screen ပေါ်က ဇောင်းပုံရိပ်တွေကို ငေးကြည့်၏။ လွမ်းတာအခါတိုင်းလဲ ငိုသည်။ အလုပ်ကနေ ပြန်တိုင်း အရင်င်က နေခဲ့ဖူးသော ဇောင်းလွှမ်းတို့ အိမ်ကို အဝေးကြီးကနေ ကြည့်ပြီးမှ ပြန်သည်။
"ဒီအိမ်ကို သူရောင်းလိုက်တော့ သူက ဘယ်မှာ သွားနေလဲ ဝသုန်"
အမှတ်တရတွေအများကြီး ရှိတဲ့ လမ်းကျဥ်းလေးထဲက တိုက်ဟောင်းလေးကို မမလေးက သူ့ကိုယ်ပိုင်စုငွေလေးနှင့် တစ်ဖက်လှည့်ပြန်ဝယ်ထားပြီး ဝသုန်ကို မေးလေ၏။
"ကစားသမားတွေအတွက် Tighter က တိုက်ခန်း တစ်ခန်းပေးတယ် မမလေး ဇောင်းအတွက်ကြ အဆင်မြင့်ဗီလာမှာ တိုက်ခန်းနဲ့ အိမ် ပေးထားတယ် "
"အော် .... ဒါကြောင့်ကို ဒီအတောတွင်း သူအိမ်ပြန်မလာတာ "
"ဟုတ်ကဲ့ မမလေး "
"အင်း .... အဆင်ပြေပြေ ရှိနေရင်ပဲ ရပါပြီ ဒီအတောတွင်း ဘာမှဖြစ်တယ် မကြားဘူးမလား "
"ဟုတ်ကဲ့ မမလေး ဇောင်းလွှမ်းက အဆင်ပြေတယ် မမလေးသာ "
ဝသုန်က ပြောမည့့်စကားကို မဆက်သဖြင့် ထား မျက်မှန်ကို ပင့့်ကာ ကြည့်လိုက်လေ၏။
"ဆက်ပြောလေ ဝသုန် "
"မန်နေဂျာချုပ်ကို ဒီအတိုင်းလွတ်ထားလိုက်မှာလား သူ မမလေး ကွယ်ရာမှာ "
ထား၏ အညိုပုတ်ရောင် ဆိုးဆေးခြယ်ထားသောဖြူသွယ်သွယ်လက်လေး မြှောက်တက်လာ၏။ ဆက်မပြောနဲ့တော့ ဟူသည့့်သဘောမို့ ဝသုန် စကားကို ရှေ့မဆက်တော့။ မမလေးထားသခင်က အေးစက်လုဖြစ်နေပြီဖြစ်သော အဖြူရောင်ကြွေခွက်ထဲက ကော်ဖီကို တစ်ခြိုက်မော့သောက်ပြီးနောက်
YOU ARE READING
ချစ်သော ... ဆရာမ
Romanceဆရာမနှင့် ခပ်ဆိုးဆိုးတပည့်လေး အချစ်ဇာတ်လမ်းလေး။ ဝေဖန်ပေးကြပါအုံး။