ည ၁၂ နာရီ နီးပါးမို့ သန်းခေါင်ယံချိန်နာရီသံက တစ်ချက်ချက်။ ဇောင်းကုတင်ပေါ်မှာ လူးလိမ့်ရင်း အိပ်မပျော်သည့်ဝေဒနာနှင့် တစ်ပြိုင်နက် ခံစားနေရသည်က ဗိုက်ထဲက အချက်ပေးသံတွေ။
"ဗိုက်ဆာလိုက်တာကွာ "
ဘယ်လိုမှ သည်းမခံနိုင်တဲ့ အဆုံး အိပ်ယာပေါ်က ဝုန်းခနဲ ထထိုင်လိုက်လေ၏။ ဆရာမရော အဘွားရော အိပ်နေကြပြီမို့ တစ်အိမ်လုံး မီးတွေပိတ်ကာ မှောင်မဲနေသည်လေ။ ဇောင်းမျက်လုံးတွေက အမှောင်ထဲမှာ နေသားရနေပြီမို့ လော့တံခါးကို အသံမမြည်အောင်ဖွင့်ကာ အခန်းထဲမှ ထွက်လာခဲ့လေ၏။
"ရှိတာနဲ့ပဲ စားလိုက်တော့မယ်"
ညနေက ချက်ထားသော ဟင်းကျန်နှင့် ထမင်းကို ဇလုံထဲတစ်ခါထဲပေါင်းထည့်ည့်ကာ ထမင်းစားပွဲပေါ်တင်လိုက်ပြီး အမှောင်ထဲမှာပဲ ငုတ်တုတ်ထိုင်ကာ စားနေလိုက်လေ၏။
ထိုစဥ်"ဂျောက် "
"ဘုရားကြွ"
မီးဖိုခန်း၏ မီးသီးက ရုတ်တရက် ပွင့်လာသဖြင့် ထမင်းခိုးချောင်ခိုးဝှက်စားနေရှာသော ဇောင်းထယောင်လိုက်မိလေသည်။
"မိပြီ မိပြီ ခိုးစားနေတာ ကြောင်ရိုင်းလေးတစ်ကောင်ကို တို့ဖမ်းမိသွားပြီကွယ်"
မီးဖိုနှင့်ဧည့်ခန်းကြားက ဘီရိုပုလေးနံဘေးတွင် လက်ပိုက်မတ်တပ်ရပ်နေသော အမျိုးသမီးကို ကြည့်ပြီး ဇောင်းခပ်တိုးတိုး ညည်းငြူလိုက်လေ၏။ ဘယ်လိုမှကို လွှတ်မှာ မဟုတ်ဖူး ဒီအမျိုးသမီးလက်ထဲက ။
"အဟွတ် အဟွတ် အဟွတ်"
"အိုး ... ခိုးစားတဲ့ကြောင်လေး သီးသွားပြီ ရော့ရော့ ရေသောက်လိုက်"
ဒေါ်ထားသခင်က ရေခဲသေတ္တာထဲက ရေဗူးကို ထုတ်ကာ အဖုံးဖွင့်ပြီး ပေးလိုက်ရင်းမှ ဇောင်းကျောကို ခပ်ဖွဖွ ထုပေးလိုက်ပြန်လေ၏။ဇောင်းက သူမကို ခပ်ဆွေဆွေကြည့်လိုက်ပြီး
"ဘာလို့ သရဲလိုပေါ်လာရတာလဲ လန့့်သွားတာပေါ့"
ထားသခင်က ပခုံးကို ဟန်ပါပါ တွန့်လိုက်ပြီး ဇောင်းဘေးနားက ခုံမှာ ဝင်ထိုင်လိုက်ကာ
YOU ARE READING
ချစ်သော ... ဆရာမ
Romanceဆရာမနှင့် ခပ်ဆိုးဆိုးတပည့်လေး အချစ်ဇာတ်လမ်းလေး။ ဝေဖန်ပေးကြပါအုံး။