Part 15

6.5K 493 102
                                    

ဒီနေ့မှ မိုးတွေက အုံ့နေပြန်တယ် ။ မနက်နေရောင်ခြည်မစို့မပို့လေးက အိမ်လိုက်ကာတွေကို မထိုးဖောက်နိုင်တာမို့ အိမ်ထဲမှာ မီးတွေ လင်းနေအောင် ဖွင့်ထားဖြစ်၏။

ဘွားမေသက်၏ ဇရာအရိပ်ပြ မျက်လုံးမှေးမှေးများက ကောင်းကင်က တိမ်ညိုတွေကိုကြည့်ပြီး မျက်ရည်များဝှေ့သီလာခဲ့၏။ ကုတင်စောင်းက စားပွဲခုံပုလေးဝိုင်းလေးပေါ် ဆေးဗူးတွေနှင့် ရေတကောင်းဘေးက ဓာတ်ပုံမှန်ဘောင်လေးအား တုန်ရီနေသောလက်ဖြင့် လှမ်းယူပြီး ကြေကွဲစွာကြည့်နေ၏။

"ဒီလိုနေ့တိုင်း မိုးတွေ အုံနေပြန်တာပဲ သမီးရေ"

ဓာတ်ပုံမှန်ဘောင်ထဲက အမျိုးသမီးငယ်က ၇ နှစ်အရွယ်ကလေးငယ်ကို ပွေ့ချီပြီး ပန်းခင်းတွေကြားပြုံးရီနေပုံက အပြစ်ကင်းလိုက်လေခြင်း ။ဘာကြောင့်များအချိန်မတန်မှီ ကြွေလွင့်သွားရတာလဲ ကြယ်ကလေးရယ်။ကျန်ရစ်နေတဲ့ သမီးရဲ့ ရင်သွေးလေးရင်ထဲက ဒဏ်ရါတွေကို အမေ ဘယ်လို ဖြေသိမ့်နိုင်ပါ့မလဲ။ရင်းနှီးသော ကိုယ်သင်းနံ့ကြောင့် မျက်နှာပေါ်က မျက်ရည်စတွေကို အမြန်သုတ်လိုက်ရင်း

"ဝင်ခဲ့လေ မြေးငယ်လေး ဘာလို့ အပေါက်ဝမှာ ရပ်နေရတာလဲ "

သက်ပြင်းချသံခပ်တိုးတိုးနှင့် တံခါးဝက ဝင်လာသော အရိပ်ငယ်က သူ့အနားသို့ ဖြေးဖြေးချင်းလျှောက်လာပြီး သူ့ခြေရင်းကြမ်းပြင်မှာထိုင်ချလိုက်ပြီး ခြေသလုံးကို ဖက်ထားကာ ပေါင်ပေါ်မျက်နှာ အပ်လိုက်သူက ဇောင်း။

"မနက်ဖြန်မဟုတ်လား ဇောင်း"

"ဒီနေ့လဲ မိုးတွေ အုံ့နေပြန်ပြီ ဘွားရယ် မနက်လဲ မိုးရွာအုံးမယ်ထင်ပါတယ် "

ဇောင်း၏ ဆံပင်တွေကို လက်ဖြင့် ဖွဖွ သပ်ရင်း ဘွားမေသက် မျက်ရည်ကြားက ပြုံးလိုက်၏။ ဒီကလေးက အပြင်ပန်းသာ သန်မာချင်ယောင်ဆောင်နေတာ နှလုံးသားက နုနုလေး ။

"ခမ်းနွယ်ကို ဘွား သိပ်စိတ်ဆိုးတာပဲ "

"ဟင် ! ဘာလို့လဲ ဘွား မေမေက ဘာလုပ်လို့လဲ "

"ဟုတ်တယ်လေ ချစ်မဝတဲ့ သမီးလေးကို ထားခဲ့ပြီး ဘာလို့ထွက်သွားရက်နိုင်တာလဲ "

ချစ်သော ... ဆရာမOnde histórias criam vida. Descubra agora