Part 22

6.2K 462 39
                                    

အောင်စရင်းမထွက်ခင်က အေးဆေးနေခဲ့သလောက်...တကယ့်တကယ် ထွက်မယ့်ညမှာ ဇောင်းလွှမ်းတစ်ယောက် အိပ်လို့မပျော်တော့။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ တစ်ရေးနိုး ရေထသောက်လိုက် ခြံထဲ လမ်းပတ်လျောက်လိုက်နှင့် ဂနာကိုမငြိမ်တော့။ထားကတော့ အေးအေးဆေးဆေး အလုပ်မပြတ် ကွန်ပျူတစ်လုံးနှင့် စရင်းသေချာစစ်နေ၏။

"ဇောင်းလွှမ်း!"

ထား ဂနာမငြိမ်ဖြစ်နေသော ဇောင်းကို မျက်စိနောက်လာသဖြင့် ခေါ်လိုက်တော့ ဝရံတာပေါ်တက်ထိုင်နေပြန်သော ဇောင်းလွှမ်းက လှည့်ကြည့်၏။

"ဗျာ"

"မင်း ...ငြိမ်ငြိမ်နေမလား ..ငါခြေထောက်ကို ရိုက်ချိုးရမလား... ငါ မျက်စိတွေ နောက်လာပြီနော်"

တပ်ထားသော မျက်မှန်ကို ဆွဲချွတ်ကာ ခပ်ကြိတ်ကြိတ်ပြောလိုက်တော့ ဇောင်းက ဝရံတာက ခုန်ဆင်းပြီး သူ့ဆီလျှောက်လာကာ ဆက်တီပေါ်လဲချလိုက်ပြီး ခေါင်းကို ထား၏ ပေါင်ပေါ်အိပ်ကာ ထား၏ မျက်နှာကို မော့ကြည့်၏။

"ဆရာမက ဘယ်သိမှာလဲ ...ကျွန်တော်ဘယ်လောက်စိတ်လှုပ်ရှားနေတယ်ထင်လဲ"

"ဖယ်စမ်းပါ ...ဒီမှါ အလုပ်လုပ်နေတဲ့ဟာ "

ဇောင်းကို ဆွဲထူတော့ ဇောင်းက ပေကပ်ပြီး အိပ်နေမြဲ ဖြစ်သဖြင့် ထားက ဇောင်းဆံပင်တွေကို ဖွဖွသပ်ပေးရင်း

"အခုမှ စိတ်လှုပ်ရှားနေလို့ ဘာထူးမှာလဲ ဇောင်းရာ ...ရလာမယ့် ရလာဒ်ကို လက်ခံရမှာပေါ့"

"ပြောတာလွယ်တာ ...ကာယကံရှင်က ကျွန်တော်လေ ..ဟန်နီရော ဒီလိုညဆို အေးဆေးအိပ်နေနိုင်လား "

"ဘယ်ကသာ အိပ်နေနိုင်မလဲ ....ညထဲက ကျောင်းမှာ သွားစောင့်နေတာလေ"

"ဟားဟား ...ဒါနဲ့မြန်းဗျာ ...လူကို ရေအေးလာတိုက်နေတယ် ....ဆရာမ ကျွန်တော်အောင်လောက်လားဟင်"

ပေါင်ပေါ်လဲနေရာမှ ဆက်ခနဲ ထထိုင်ပြီး မေးသော ဇောင်း၏ ခေါင်းကို ထားလက်ဆစ် ခွပ်ခနဲ ကျလာ၏။

"အ ...ဘာလုပ်တာလဲဗျာ "

"အရူးလေး မင်းအောင်အောင်ဖြေရင်အောင်မှာပေါ့... ငါက ရှေ့ဖြစ်ဟောတဲ့လူလား "

ချစ်သော ... ဆရာမWhere stories live. Discover now