အဝေးပြေးလမ်းမပေါ်မှာ တရိပ်ရိပ်ပြေးနေသော ကားတစ်စီး။ အနောက်ခန်းထဲတွင် ကျက်သရေရှိသောအသွင်နှင့်အမျိုးသမီးသည် လမ်းဘေးဝဲယာကို တစ်ချက်မှ မကြည့်ပဲ မျက်လုံးအစုံကို မှေးမှိတ်ထားဆဲ။ ကားမောင်းနေသော ဒရိုင်ဘာမိန်းကလေးသည် ထိုအမျိုးသမီးကို ကားမှန်ထဲမှ လှမ်းလှမ်းကြည့်နေလေ၏။
"ပြောစရာရှိရင် ပြောလေ ဝသုန်"
အေးစက်စက်နှင့် ချိုနွဲ့ခြင်းမရှိသော လေယူလေသိမ်းကြောင့် ဝသုန် မျက်လုံးအကြည့်ကို လွဲလိုက်မိလေ၏။ ကသစ်မြိုင်က မိန်းကလေးက ပြောတဲ့ အသံနှင့် ယခုအသံက တစ်မျိုးစီသာ။ ဟိုမိန်းကလေးကို ပြောနေခြင်းတွင် နွေးထွေးခြင်းအပြည့်နှင့်။
"မမလေး ဒီအတောတွင်း အဆင်ပြေပါရလားလို့ပါ"
ထားက နှုတ်ခမ်းကို ဟန်ပါပါ တွန့်ချိုးကာ ပြုံးလိုက်လေ၏။ ပြီးနောက်
"ငါမရှိခင် ဘာတွေဖြစ်သွားလို့လဲ ဥက္ကဌကြီးပါ အိပ်ယာထဲလဲသွားလောက်အောင် "
"ဒေါ်ကလျာက မမလေးအိမ်က ထွက်သွားပြီးတော့ အိမ်ကြီးကို အပိုင်စီးလိုက်တာပါ မမလေး "
ကလျာ ... ဒေါ်ကလျာ ။ အိမ်တော်ထိန်းအဆင့့်က ဘာလို့ အိမ်ကို အပိုင်စီးလိုက်ရတာလဲ။"အဲ့မိန်းမက အဖေ့့အိပ်ယာကိုပါပိုင်သွားတာလား ဝသုန် "
"ဟုတ်ကဲ့ ဥက္ကဌကြီးလဲ ဘယ်လိုမှရှောင်လွဲမရပဲ "
"တော်စမ်းပါ အပိုတွေ သူ့ဘာသာလက်ခံလို့ဖြစ်တဲ့ ကိစ္စပဲဟာ ဘာလဲ အခုအိမ်ထဲမဟုတ်ပဲ ကုမ္ပဏီပါ လိုချင်နေပြီမလား "
မမလေးက အရာရာကို အကွက်ကျော်မြင်တက်သူပီပီခန့့်မှန်းလိုက်သော စကားများက လုံးဝကွက်တိ။ ဒေါ်ကလျာက ဟိုအရင်င်က အိမ်ဖော်အဆင့့်ကနေ အိမ်တော်ထိန်းအထိ တက်နိုင်ခဲ့ပြီး ယခု ဥက္ကဌကြီး၏ နောက်မိန်းမနေရာအထိ သိမ်းယူပြီး လုပ်ငန်းစုကိုပါ လိုချင်နေသဖြင့် သူ့၏ မောင် ဗညားကိုပါ အိမ်ပေါ်ခေါ်တင်ထားပြီလေ။
"ကုမ္ပဏီမှာ မောင်မောင်ရှိတယ်မလား သူကရော ဘာတွေ လုပ်နေလဲ ဒါကို မတားဘူးလား "
YOU ARE READING
ချစ်သော ... ဆရာမ
Romanceဆရာမနှင့် ခပ်ဆိုးဆိုးတပည့်လေး အချစ်ဇာတ်လမ်းလေး။ ဝေဖန်ပေးကြပါအုံး။