မနက်ခင်းတစ်ခုရဲ့ အစမှာ ချစ်တဲ့သူဘေးနားက နိုးထရတာလဲ ပျော်စရာပါပဲ။ အထူးသဖြင့် မြတ်နိုးရာလေးကို ငေးကြည့်ပြီး နိုးရတဲ့ ဒီလို မနက်ခင်းမှာပေါ့လေ။ တစ်ယောက်အိပ်ကုတင် ခပ်ကျဉ်းကျဉ်းလေးထဲမှာ ဆန့်အောင် ကိုယ်ကို ကွေးပြီး ပုဇွန်တုပ်လေးလို ကွေးအိပ်နေပုံက ကလေးလေးလားလို့လေ။
"ဆရာမ "
အိပ်လွန်းလို့ ဖောင်းနေတဲ့ ပါးလေးကို လက်ညှိုးနဲ့ အသာထိပြီး ခေါ်တော့ ကိုယ်လေးတစ်ချက်တွန့်သွားပေမယ့် မျက်လုံးမပွင့်သေးဘူး။ဖြာကျနေတဲ့ ဆံပင်အိအိတွေကို လက်နဲ့ ဆော့ပြီး ထပ်ခေါ်ကြည့်မိတယ်။
"ဆရာမ ... မထသေးဘူးလား "
ညက မစောင့်ပါနဲ့ဆို ညနက်တဲ့ထိ ထိုင်စောင့်နေတဲ့ အမိက ခုကျ ကြောင်ပေါက်လေးလို အိပ်ပုတ်ကြီးနေတယ်လေ။ ဒီနေ့ကျောင်းဖွင့်ရက်ဆိုတာ မေ့နေတာလား မသိပါဘူး။
"ဗျို့ ... ဆရာမ ၉ နာရီထိုးပြီး ကျောင်းမသွားဘူးလား "
"ဟမ် ! ဘာလဲ ဘာလဲ နာရီ နာရီ ဘယ်မှာလဲ ကိုးနာရီထိုးပြီလား "
မျက်ကလူးးဆန်ပြာ ဝုန်းခနဲ ထထိုင်ပြီး နာရီတောင်းနေတဲ့ ဆရာမရဲ့အိပ်ချင်မူးတူးပုံစံကြောင့် ဇောင်း ဗိုက်ကို နှိပ်ပြီး ရီလေ၏။
"ဟားဟားဟား ဆရာမ ဖြေးဖြေးလုပ်ပါ ကုတင်ပေါ်က ပြုတ်ကျမယ် "
"ဇောင်း မင်းငါ့ကို သက်သက်နောက်တာပေါ့လေ ကဲကဲ "
ဆရာမက ရှက်ရမ်းရမ်းပြီး ဇောင်းကို ခေါင်းအုံး
နှင့် ပိတ်ထုလေသော် ဇောင်း လက်နှင့်ကာ ကာ ရှောင်ရင်း"ဒဏ်ရါတွေရှိတယ်လို့ အား ထိသွားပြီ"
"ဟယ် ! ဘယ်နားလဲ ဘယ်နားထိသွားတာလဲ တို့ သတိမထားမိလို့ တောင်းပန်ပါတယ်"
မျက်ခုံးနှစ်ဖက်တွန့်ချိုးကာ နံစောင်းကို လက်နှင့်ဖိပြီး ကုတင်ပေါ်လဲချကာ အော်တော့ ဆရာမက သူ့ရင်ဘက်နားထိကပ်ကာမေးတော့ ဆရာမကို ဆွဲဖက်ပြီး ရင်ခွင်ထဲ အပ်ထားလိုက်သဖြင့်
"ဘာလုပ်တာလဲ ဇောင်း အသက်ရှူကြပ်တယ် လွှတ်စမ်း"
"မလွှတ်ဖူးဗျာ ရုန်းနိုင်ရင်လွှတ်ပေးမယ် "
YOU ARE READING
ချစ်သော ... ဆရာမ
Romanceဆရာမနှင့် ခပ်ဆိုးဆိုးတပည့်လေး အချစ်ဇာတ်လမ်းလေး။ ဝေဖန်ပေးကြပါအုံး။